AOV ဆိုတဲ့ဂိမ်းကို ပရိသတ်ကြီးတိုင်း သိကြမယ်လို့ထင်ပါတယ်။ Mobile Legends မပေါ်ခင်တုန်းက လူဆော့များခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ပြီးတော့ ပရိသတ်ကြီးလဲ MOBA ဂိမ်းအမျိုးအစားနဲ့ မစိမ်းကြဖူးလို့ထင်ပါတယ်။ AOV ကိုလဲ ယနေ့ထိ ဆော့ကစားကြတဲ့သူတွေရှိနေသေးကြပြီး Sea Game မှာလဲ ပါဝင်ခဲ့ပါသေးတယ်။   

သို့သော်လဲ Mobile Legends နဲ့ယှဉ်ရင် AOV ကခုချိန်မှာတော့ ဘာမှ သိပ်ပြီးမဟုတ်တော့ပါဘူး။ ဆော့ကစာရတဲ့အပိုင်းကတော့ သိပ်မကွာပေမဲ့လဲ Feel ချင်တော့မတူပါဘူး။ Mobile Legends ထဲမှာ KOF Hero တွေပါသလို AOV ထဲမှာလဲ DC Hero လေးယောက်ပါဝင်ပါတယ်။ သူတို့တွေကတော့ Batman, Superman, Wonder Woman နဲ့ Flash တို့ပဲဖြစ်ပါတယ်။  

ခုချိန်မှာတော့ Hero ပေါင်း ၈၅ယောက် ပါဝင်ထားပါတယ်။ Role တွေကတော့ Marksman, Mage, Assassin, Warrior, Support နဲ့ Tank တို့ပဲဖြစ်ပါတယ်။ စစဆော့တဲ့သူတွေအတွက် ၃ပွဲကစားပြီးတိုင်း Hero တစ်ကောင်ပေးပါတယ်။ စုစုပေါင်း အဲ့လိုပေးတဲ့ Hero က ၁၄ကောင်ဖြစ်ပါတယ်။ မြန်မာ Server မှာတော့ ပွဲရှာရတာကြာတာမို့ နည်းနည်းတော့ စိတ်ရှည်ရပါမယ်။   

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။