SMITE ဆိုတဲ့ Game ဟာဆိုရင်တော့ Multiplayer online battle arena (MOBA) အမျိုးအစား Game တစ်ခုပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ဆော့လေ့ရှိကြတဲ့ DOTA 2, Mobile Legends ဒါမှမဟုတ် League Of Legends လိုမျိုး Online Game ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆော့ရတဲ့ မြင်ကွင်းကတော့ Third Person ဖြစ်ပြီး ဘယ်ဂိမ်းတွေနဲ့တူလဲဆိုတော့ Overwatch တို့လို PUBG တို့လို မြင်ကွင်းဖြစ်ပါတယ်။ ဆော့နိုင်တဲ့ အမျိုးအစားတွေကတော့ Microsoft Windows, Xbox One, PlayStation 4, macOS နဲ့ Nintendo Switch တို့မှာဆော့ကစားနိုင်ပါတယ်။ ဒီ Game ဟာအောင်မြင်တဲ့ Game တွေထဲကတစ်ခုပါပဲ။   

SMITE နဲ့ပတ်သတ်ပြီးတော့ ဆော့ကစားသူအနေနဲ့ နှစ်သက်စေမှာက တစ်ကမ္ဘာလုံးမှာရှိတဲ့ နတ်ဘုရားတွေ အကုန်နီးပါး ပါဝင်တာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီ Game က ကိုယ်ကြိုက်နှစ်သက်ရာ နတ်ဘုရားတွေကို ကိုင်ပြီး ၅ယောက် ၅ယောက် ဆော့ကစားရတာပါပဲ။ Game ထဲမှာဆိုရင်တော့ Mode အမျိုးမျိုးရှိပါတယ်။ ဆော့ကစားနိုင်တဲ့ ပုံစံကတော့ တော်တော်များများပါဝင်တာမို့ ပရီသတ်ကြီးအနေနဲ့လဲ ဆော့ချင်မှာပါ။   

Smite ကိုဆော့လိုက်ရတဲ့ အရသာကတော့ ကိုယ်ကြိုက်နှစ်သက်ရာ နတ်ဘုရားကိုကိုင်ရတာမို့ ပျော်ရွှင်ရပါတယ်။ ဒီဂိမ်းကို ဘယ်လိုလူတွေဆော့ရင်ပိုကောင်းလဲဆိုတော့ MOBA ကိုနှစ်သက်တဲ့သူ နတ်ဘုရားတွေရဲ့စစ်ပွဲကို ကိုယ်တိုင်ဝင်ရောက်ဆင်နွဲချင်သူတွေအတွက် အဆင်ပြေပါတယ်။ ဘယ်နတ်ဘုရားက ဘယ်လိုအစွမ်းတွေရှိတာကို သိရှိနိုင်ပြီး နိုင်အောင်တိုက်ရတာဟာ အရသာတစ်ခုပါပဲ။ ကိုယ်အနေနဲ့လဲ Game Mode ကိုများစွာဆော့ကစားနိုင်တာမို့ မရိုအီးနိုင်ပါဘူး။ ဒါပေမဲ့တစ်ခုကတော့ တိုက်ခိုက်ရတဲ့အခါမှာ အားမရသလိုလိုတော့ ဖြစ်တက်ပါတယ်။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။