ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ချစ်ရတဲ့ခင်ပွန်း၊ သားလေးတို့နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့သားလေးက မွေးကင်းစအရွယ်ကတည်းကနေ အခုချိန်အထိ အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ အခုဆိုရင် Liam လေးက အသက်တစ်နှစ်ကျော်အရွယ်ကိုတောင် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Photo Credit- Yun Waddy Lwin Moe's FB
Photo Credit- Yun Waddy Lwin Moe's FB
Photo Credit- Yun Waddy Lwin Moe's FB

Liam လေးက ဘိုးဘိုးလွင်မိုးနဲ့ရော ဖေဖေထက်ဦးလှိုင်နဲ့ပါ ရုပ်ချင်းဆင်လွန်းတာကြောင့် ဘိုးဘိုးနဲ့ဖေဖေရဲ့နာမည်ကိုယူပြီး "လွင်ထက်" လို့မြန်မာနာမည်လေးပေးထားတာ ဖြစ်ပါတယ်။ လမ်းစလျှောက်တတ်နေပြီဖြစ်သလို တီတီတာတာလေးတွေလည်း ပြောတတ်နေပြီဖြစ်တဲ့ Liam လေးကို အားလုံးကအချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ အခုလည်း Liam လေးက ဖိနပ်ကိုကြည့်ပြီး အော့အော့လို့ပြောနေတာကို ဘွားဘွားဖြစ်သူက ဗီဒီယိုလေးရိုက်ပြီး တင်လိုက်ပါတယ်။

Photo Credit- Maythu's FB
Photo Credit- Maythu's FB
Photo Credit- Maythu's FB

ဖိနပ်ကိုလက်ညိုးထိုးပြီး အော့အော့လို့လိုက်ပြောနေတဲ့ Liam လေးရဲ့အမူအရာလေးတွေကတော့ ချစ်လွန်းလို့ဖက်နမ်းချင်စရာကောင်းလောက်အောင် အသည်းယားစရာလေးဖြစ်လို့နေတာပါ။ အခန်းထဲမှာလျှောက်ပြေးရင်း ဆော့ကစားနေတဲ့ Liam ရဲ့ဗီဒီယိုလေးကို ကြည့်ရှုသူတိုင်းကလည်း အချစ်တွေတိုးပြီးရင်းတိုးနေရမှာ အသေအချာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘိုးဘိုးလွင်မိုးရဲ့မြေး Liam လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Maythu's FB & Yunwaddy's FB 

Photo Credit- Maythu's FB
Photo Credit- Maythu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။