ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ နန်မဒေါ (Nan Madol) တူးမြောင်းအကြောင်းကို ဗဟုသုတ အနေနဲ့ သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တူးမြောင်းဆိုရင် ဗင်းနစ် တူးမြောင်းကိုသာ လူသိများပြီး အခြားတူမြောင်းများကိုတော့ လူသိနည်းပါတယ်။ အဲ့ထဲကမှ နန်မဒေါ တူးမြောင်းဟာလည်း ထင်ရှားပြီး ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အများအပြားရရှိထားတာပါ။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

နန်မဒေါ တူးမြောင်း (ခေါ်) ပစိဖိတ် ဗင်းနစ်ဟာ လူလုပ်ကျွန်းငယ်များ စုစည်းထားတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ တည်နေရာ အတိအကျကတော့ မိုက်ခရိုနီးရှား၊ ပိုပေ ကျွန်း အရှေ့ကမ်းလွန်တင် တည်ရှိပါတယ်။ အဲ့ကျွန်းငယ်လေးကို ၈ရာစုနှစ်မှာ လူတွေ စတင်ပြုလုပ်ခဲ့ကြတယ်လို့ ယူဆပါတယ်။ လူလုပ်ကျွန်းလေး ဖြစ်ပေမယ့်လည်း သဘာဝအတိုင်းပေါ်ပေါက်လာတဲ့ ကျွန်းလေးလိုဖြစ်အောင် သေချာ သပ်သပ်ရပ်ရပ်နဲ့ စီမံပြုလုပ် ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကမ္ဘာအနှံ့ကလူတွေကို သဘာဝ အငွေ့အသက် အပြည့်အဝ ပေးစွမ်းနိုင်တဲ့ နေရာလေးလို့ ဆိုရမှာပါ။

photo credit pngtree

ဒါ့အပြင် လူလုပ်ကျွန်းလေးဖြစ်ပြီး နန်မဒေါ တူးမြောင်းလို့သိကြတဲ့ အဲ့နေရာလေးဟာ ဗိသုကာ လက်ရာများလည်း ကြွယ်ဝလျက်ရှိပါတယ်။ ရှေးဟောင်း ဗိသုကာပညာတွေကို လေ့လာချင်သူတွေအတွက်တော့ ဆိုဖွယ်ရာမရှိအောင် ဖြစ်နေပါတော့တယ်။ အထူးသဖြင့် မြင်တွေ့ရမှာတွေကတော့ ၁၂ ရာစုနှင့် ၁၃ ရာစု အတွင်း ပြုလုပ်ခဲ့တဲ့ ဗိသုကာ လက်ရာမြောက် ကျောက်တုံးကြီးများပဲ ဖြစ်ပါတယ်။ အဲ့နေရာကြီးဟာ ဆော်ဒီလျူရာ မင်းဆက်တွင် နှစ်ပေါင်း ၄၀၀ တိုင်တိုင် အခမ်းအနားကျင်းပရာ နေရာအဖြစ် အသုံးပြုခဲ့ပြီး ရှင်ဘုရင် နန်းစိုက်ရာ ရာဇ ဌာနီအဖြစ်ကနေ နန်းမြို့တော် ကျဆုံးချိန်အထိ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။