နိုင်ငံကျော်မင်းသားလေး မြင့်မြတ်တို့မိသားစုကိုတော့ ပရိတ်သတ်တွေသိပြီးသားဖြစ်မှာပါနော်။မြင့်မြတ်တို့ဟာ ချစ်စရာသားငယ်လေးကိုပိုင်ဆိုင်ထားပြီး သားငယ်လေးမြတ်သူဟာလည်း ယခုဆိုရင်တစ်နှစ်ကျော်ရှိနေပါပြီဖြစ်ပါတယ်။ဟန်ဆောင်မှုကင်းမဲ့တဲ့ မင်းသားချောမြင့်မြတ်ဟာ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ကားကြီးများရိုက်ကူးနေပြီးပွဲအခမ်းအနားများလည်းတက်ရောက်နေရတာပါ။

Photo Credit-Myat Wai Tun's Facebook
Photo Credit-Myat Wai Tun's Facebook

မြင့်မြတ်ဟာ မကြာသေးမီကသူ့ရဲ့facebookစာမျက်နှာတွင် ဘန်ကောက်မှာပျော်နေတဲ့ချစ်တုံးကြီးမြတ်သူဆိုတဲ့ captionလေးနဲ့ သားငယ်လေးပုံတွေကိုတင်ပေးခဲ့ပါတယ်။သားငယ်လေးမြတ်သူဟာ ကလေးတွန်းလှည်းလေးထဲကနေ ချစ်စရာပို့စ်လေး‌တွေပေးနေတာပဲဖြစ်ပါတယ်။မြတ်သူလေးကတော့ ဖေဖေမြင့်မြတ်နဲ့တစ်ပုံစံတည်းပါပဲနော်။

Photo Credit-Myat Wai Tun's Facebook
Photo Credit-Myat Wai Tun's Facebook

မြင့်မြတ်ဟာ ယခုလတ်တ‌လောတွင် ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်း ဒီဇာတ်ကားကြီးထွက်လာရင်အားပေးကြမယ်မလား။ဘန်ကောက်မှာပျော်ရွှင်နေတဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူရဲ့ပုံတွေကိုပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Myat Wai Tun's Facebook
Photo Credit-Myat Wai Tun's Facebook

Source-Myat Wai Tun's Facebook

Photo Credit-Myat Wai Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။