ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာ့အတိုဆုံး စစ်ပွဲများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ (Greco-Turkish War) ဂရိ တူရကီ စစ်ပွဲ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အော်တိုမန်တို့၏ ထိန်းချုပ်မှု အောင်တွင်ရှိနေခဲ့သော ခရီတီကျွန်းတွင် ဂရိလူမျိုးများ နေထိုင်ခဲ့ကြရာ ထိုဒေသ အခြေအနေပေါ် ဂရိတို့ များစွာ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

photo credit pngtree

၁၈၉၆ ခုနှစ် နှောင်းပိုင်းတွင် ခရီတီတွင် ပုန်ကန်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၈၉၇ ခုနှစ် ၊ ဇန်နဝါရီလ(၂၁)ရက်တွင် ဂရိစစ်တပ်က ခရီတီကျွန်းသို့ ဝင်ရောက်လာပြီး အောတ်တိုမန်တို့ အုပ်ချုပ်မှု အောက်မှ ထွက်၍ ဂရိတို့နှင့် ပေါင်းစည်းရန် ကြိုးပမ်းခဲ့ကြပါတယ်။ သို့သော်လည်း ဥရောပ နိုင်ငံများက ဝင်ရောက် ဟန့်တားခဲ့ပြီး ခရီတီကျွန်းကို နိုင်ငံတကာ စောင့်ရှောက်မှု အောက်တွင်သာ ထားရှိရန် တောင်းဆိုခဲ့ကြပါတယ်။

photo credit pngtree

ဂရိတို့က မလိုက်နာသဖြင့် အော်တိုမန်နှင့် ဂရိတို့စစ်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အော်တိုမန်တို့နှင့် စစ်ဖြစ်တယ် ဆိုသော်လည်း ဂရိတို့ဟာ တူရကီတို့နှင့် စစ်ဖြစ်ခြင်းသာ ဖြစ်ပါတယ်။ ရက်(၃၀)မျှသာ တိုက်ခိုက်ခဲ့ရပြီး အော်တိုမန်တို့ စစ်နိုင်ခဲ့သဖြင့် ဂရိတို့က စစ်လျော်ကြေးများစွာ ပေးလျော်ရမည်ဖြစ်သဖြင့် တူရကီတို့က ဂရိတို့ အား ခရီတီကျွန်းကို စွန့်လွှတ်ရန် ဖိအားပေးခဲ့ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။