သမီးလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးလေး စမိုင်းလ်ပါ။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အောင်မြင်မှုတွေကိုရရှိထားသူပါ။ လက်ရှိမှာလည်း အနုပညာအလုပ်တွေလုပ်နေရင်းနဲ့ သမီးလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်နေသူ မိခင်ကောင်းတစ်ယောက်ပါ။ 

Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook

သူမတို့ဇနီးမောင်နှံနှစ်ယောက်ဟာ စိတ်ထားကောင်းရုံသာမကဘဲ လူတိုင်းအပေါ်ကိုမာနမကြီးဘဲ ပြောဆိုဆက်ဆံတတ်တာကြောင့်လည်း အားလုံးရဲ့ချီးကျူးမှုတွေကို ရရှိထားတာပါ။ ဒါ့အပြင် သမီးလေးတွေရဲ့ဆန္ဒမှန်သမျှတိုင်းကို မဖြစ်ဖြစ်အောင် လိုက်လုပ်ပေးတတ်ကြတဲ့ မိဘတွေပါ။ အခုမှာလည်း သမီးလေးတွေရဲ့ဆန္ဒလေးတစ်ခုကိုဖြည့်ဆည်းပေးလိုက်ကြပြန်ပါပြီ။ 

Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook

ဒါကတော့ သမီးလေးတွေနဲ့အတူပျော်ပျော်ပါးပါးTik Tok လေးကစားထားတဲ့ Video လေးကိုဝေမျှလိုက်တဲ့တာပါ။ စမိုင်းလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " သူတို့ခိုင်းသမျှ" ဆိုပြီးရေးသားထားပြီး ဗီဒီယိုလေးတင်ထားတာပါ။ ပရိသတ်တွေအတွက် စမိုင်းတို့မိသားစုလေးရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Credit- Smile’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။