ကဲ ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ၃ (က) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ ပတ်သက်ပြီး အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။ ချမ်းမင်းရဲထွဋ်၊ ထူးခြား၊ စိုးမြတ်သူဇာနဲ့ နန်းဆုဦးတို့နဲ့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကိုတော့ ထူးခြားတဲ့ဇာတ်လမ်းဇာတ်အိမ်နဲ့ ဖန်တီးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက ကြည့်ရှုသူပရိသတ်တွေကို စိတ်မပျက်စေဘဲ ကြည့်ရတာတန်စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး

ဇာတ်လမ်းအကျဉ်းလေးကတော့ လောကဓံရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ ၊ ဘဝရဲ့ ဒုက္ခလှိုင်းလုံးတွေကိုကြုံတွေ့ရတိုင်း အရှုံးမပေးခဲ့တဲ့ အမျိုးသမီးငယ်လေး '' ခေါင်ဆိုင်''နဲ့အတူ ဇာတ်အိမ်ကို တည်ထားတာ ဖြစ်ပါတယ်။ သူမကတော့ လူသားတစ်ဦးဖြစ်ပေမယ့် တူညီတဲ့လူ့အခွင့်အရေးတွေကို ပိုင်ဆိုင်ခွင့်မရှိတဲ့ လူသားတစ်ဦးပဲ ဖြစ်ပါတယ်။ လူတိုင်းက နှာခေါင်းရှုံ့တဲ့ အလုပ် ကိုယ်တိုင်လည်း မနှစ်မျို့တဲ့အလုပ်ကိုသမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်လုပ်နေခဲ့ရပြီး ဘဝကိုဖြတ်သန်းနေတဲ့ သူမရဲ့ဘဝဇာတ်ကြောင်းက တကယ့်ကိုစိတ်ဝင်စားစရာကောင်းလှပါတယ်။

Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး

ထိုအမျိုးသမီးငယ်လေး ''ခေါင်ဆိုင်'' နေရာမှာတော့ မင်းသမီးနန်းဆုဦးက အကောင်းဆုံးသရုပ်ဆောင်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမျိုးသမီးလေးတွေရဲ့အကြောင်းကို အဓိကတင်ဆက်ထားပြီး ပရိသတ်တွေအတွက် ရသမျိုးစုံခံစားရမှာဖြစ်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေကလည်း ဇာတ်လမ်းအကျဉ်းကိုသိပြီးပြီဆိုတော့ ရုံတင်ပြသနေပြီဖြစ်တဲ့ ''၃ (က) '' ဇာတ်ကားရဲ့ Official Trailer ဗီဒီယိုလေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး

(Commercial Article) 

Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ၃ (က) ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။