ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသားနိုင်းနိုင်းကတော့ တစ်ခေတ်တစ်ခါကတည်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။နိုင်းနိုင်းရဲ့ ချောမောခန့်ညားလွန်းတဲ့ရုပ်ရည်ကလည်း ယနေ့ခေတ်ထိတိုင် နုပျိုနေဆဲဖြစ်တာကြောင့် လူငယ်လေးတွေအရှုံးပေးရလောက်ပါတယ်နော်။အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်ကြီးနဲ့အလှမ်းမဝေးကွာသွားအောင်ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit:Actor 99/စန္ဒီချို Facebook
Photo Credit:Actor 99/စန္ဒီချို Facebook

နိုင်းနိုင်းကတော့ သားသမီးလေးယောက်ကို ပိုင်ဆိုင်ထားတဲ့ဖခင်တစ်ယောက်ဖြစ်ပြီး ချစ်ဇနီးလေးနဲ့ကလေးတွေက နယူးယောက်မှာအခြေချထားကြတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ကလေးတွေကလည်း ဖအေတူလေးတွေဖြစ်လို့ ချောမောကြပြီး ချစ်မွှေးပါတဲ့ကလေးလေးတွေပါနော်။နိုင်းနိုင်းကတော့ မိသားစုရှိတဲ့ နယူးယောက်ကိုသွားလိုက်၊မြန်မာပြည်ပြန်လာပြီး အနုပညာအလုပ်တွေလုပ်လိုက်နဲ့ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။

Photo Credit:Actor 99/စန္ဒီချို Facebook
Photo Credit:Actor 99/စန္ဒီချို Facebook
Photo Credit:Actor 99/စန္ဒီချို Facebook

အခုဆိုရင်လည်း နိုင်းနိုင်းက အလုပ်တွေအားလို့ မိသားစုရှိတဲ့နယူးယောက်ကိုပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။နိုင်းနိုင်းရောက်တဲ့အချိန်မှာ ကလေးတွေကလည်း ဖျားနာကြပြီး ဖေဖေနိုင်းနိုင်းကအနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာပါ။ကလေးတွေနေကောင်းသွားတဲ့အချိန်မှာတော့ နိုင်းနိုင်းက"ရဲဘော်လေးပြီးတော့ ကျနော့်အလှည့်... နှစ်သစ်ကို အဖျားနဲ့ကြို"ဆိုပြီး ပုံလေးတွေမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Actor 99/စန္ဒီချို Facebook
Photo Credit:Actor 99/စန္ဒီချို Facebook

Photo Credit:Actor 99/စန္ဒီချို Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။