သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်တွင်ပါ ထူးချွန်သူကတော့ မင်းသမီးလေး ဆုပန်ထွာပါ။ သူမဟာ သားလေးမွေးဖွားပြီးနောက်ပိုင်းသားလေးရဲ့ ရှေ့ရေးအတွက် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတာပါ။ ပန်ပန်ဟာ ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Credit - Su Pan Htwar's Facebook
Photo Credit - Su Pan Htwar's Facebook
Photo Credit - Su Pan Htwar's Facebook

သရုပ်ဆောင်အပြင် အသံပါကောင်းသော သူမဟာ နယ်ပွဲတွေလည်း အချိန်ရရင် ရသလိုသွားရောက်ဖျော်ဖြေလေ့ရှိပါတယ်။ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာများလည်းရိုက်ကူးထားတာပါ။ သူမရဲ့သားလေး Roar Roar လေးဟာလည်း ပရိတ်သတ်တွေကိုချစ်ခြင်းကိုရရှိထားတဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်လေးပဲ ဖြစ်ပါတယ်။ အရမ်းလည်းလိမ္မာပြီး အရမ်းလည်းသိတတ်တဲ့ သားလေးကြေင့် ပရိတ်သတ်တွေပိုပြီးတော့ အချစ်ပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit - Su Pan Htwar's Facebook
Photo Credit - Su Pan Htwar's Facebook
Photo Credit - Su Pan Htwar's Facebook

အခုမှာလည်း သူတို့မိသားစုရဲ့ ကြည်နူးစရာကောင်းတဲ့ ှဗီဒီယိုလေးကို ဝေမျှလိုက်ပြန်ပါပြီ။ ဒါကတော့ မေမေနဲ့အတူ ဖေဖေ့ရင်ခွင်လေးထဲဝင်ကာ ကပ်ချွဲနေကြတဲ့ ဆုပန်ထွာတို့မိသားစုလေးရဲ့ ကြည်နူးစရာ Video လေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Okkar Kyaw's Facebook

Photo Credit - Su Pan Htwar's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။