ရာသီကြိုဆုဖလားဖြစ်တဲ့ MFF Charity Cup 2020မှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ ရန်ကုန်ယူနိုက်တတ်အသင်းနဲ့ အမှတ်ပေးဖလားချန်ပီယံရှမ်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ ၂၀၁၉ မှာ တွေ့ဆုံခဲ့တဲ့ ပုံတွေအရ အကြိတ်အနယ်ဖြစ်ခဲ့တာ တွေ့ရပြီး လာမယ့် ပွဲစဉ်ကလည်း ဒီနှစ်သင်းရဲ့ အကြိတ်အနယ်ပုံရိပ်တွေကို ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။ 

photo credit: Myanmar National League 's facebook
photo credit: Myanmar National League 's facebook
photo credit: Myanmar National League 's facebook

၂၀၂၀ ရာသီအကြို လူမှုရေးရန်ပုံငွေ ကွင်းဖွင့်ဖလားအဖြစ် ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ကို ဇန်နဝါရီ ၅ ရက်၊ ညနေ ၃း၃၀ အချိန်၊ YUSC ကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါဖြစ်ပါတယ်။ ၂၀၂၀ ရာသီမတိုင်မီ ပြင်ဆင်မှုတွေ ကြီးကြီးမားမား ပြုလုပ်ထားတဲ့ မြန်မာနေရှင်နယ်လိဂ်ထိပ်သီးနှစ်သင်းရဲ့ အားပြိုင်မှုကလည်း ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာနေပါတယ်။

photo credit: Myanmar National League 's facebook
photo credit: Myanmar National League 's facebook
photo credit: Myanmar National League 's facebook

ပြီးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားပြိုင်ပွဲတုန်းက ရန်ကုန်ယူနိုက်တတ်အသင်းနဲ့ ရှမ်းယူနိုက်တတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တတ်အသင်းက အချိန်ပိုမိနစ်မှာ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ဇန်နဝါရီ ၅ ရက်မှာကျင်းပမယ့် MFF Charity Cup 2020ဖလားပြိုင်ပွဲမှာ ဘယ်အသင်းအနိုင်ရမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

photo credit: Myanmar National League 's facebook
photo credit: Myanmar National League 's facebook
photo credit: Myanmar National League 's facebook

source: Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။