ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့သဘာဝကျကျသရုပ်ဆောင်နိုင်သူလေးကတော့ပရိတ်သတ်အချစ်တော်အကယ်ဒမီများရှင်ဖွေးဖွေးပါ။ဖွေးစိန်လေးလို့ချစ်စနိုးခေါ်ကြတဲ့မင်းသမီးချောလေးဖွေးဟာဘာသာတရားကိုင်းရှိုင်းပြီးမိဘကိုလည်းသိတတ်လိမ္မာတဲ့သမီးလေးတစ်ယောက်ဖြစ်ပါတယ်။ဖွေးဟာယခုလတ်တလောတွင်ရုပ်ရှင်ကားကြီးများရိုက်ကူးနေပြီး ပွဲအခမ်းအနားများစွာကိုလည်းတက်ရောက်နေတာပဲဖြစ်ပါတယ်။


Photo Credit-Phway Phway's Facebook
Photo Credit-Phway Phway's Facebook

မကြာသေးမီကဖွေးစိန်လေးရဲ့facebookစာမျက်နှာတွင်နှစ်ဦးတရားအလှူဒုတိယနေ့တွင်ပါမောက္ခချုပ်ဆရာတော်ဘဒ္ဒန္တနန္ဒမာလာဘိဝံသကိုဘဝမှာပထမဆုံးအကြိမ်အပြင်မှာဖူးမျှော်ခွင့်ရခဲ့ကြောင်းကိုတင်ပေးခဲ့ပါတယ်။ဒါ့ပြင်ဆရာတော်ဘုရားကြီး၏တရားထူးတရားမြတ်ကိုလည်းနာကြားခွင့်ရခဲ့တဲ့အတွက်ဖွေးစိန်တစ်ယောက်ပီတိဖြစ်နေတာပါနော်။တရားပွဲမှာလည်းဖွေးတို့မိသားစုလေးကHome- made Sandwichများကိုလည်းကုသိုလ်ဖြစ်ဝေပေးခဲ့ကြပါသေးတယ်။


Photo Credit-Phway Phway's Facebook
Photo Credit-Phway Phway's Facebook

ဖွေးဟာယခုလတ်တလောတွင်ဒါရိုက်တာကိုပေါက်ရိုက်ကူးတဲ့ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ကားကြီးတွင်ပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောဒီဇာတ်ကားကြီးထွက်လာရင်အားပေးကြမယ်မလား။မင်းသမီးချောလေးဖွေးရဲ့တရားပွဲအမှတ်တရပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Phway Phway's Facebook
Photo Credit-Phway Phway's Facebook

Source-Phway Phway's Facebook

Photo Credit-Phway Phway's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။