ကလေးတစ်ယောက်လိုအပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေသူလေးကတော့ လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ သူမကိုတော့ ယောကျ်ားလေးပရိသတ်များသာမကဘဲ မိန်းကလေးပရိသတ်များကပါ တစ်ခဲနက်ဝန်းရံအားပေးခြင်းကိုရရှိထားသူတစ်ယောက်ပါ။ သူမရဲ့သားလေး Liam လေးဟာလည်း ပရိသတ်တွေအရိပ်တကြည့်ကြည့်နဲ့ချစ်နေရသူလေးတစ်ယောက်ပါ။

photo Credit - Yunwaddy Lwin Moe's Facebook
photo Credit - Yunwaddy Lwin Moe's Facebook
Photo Credit - Yunnandylm’s Instagram Stories

ခေးလေးဟာ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ဩစတေးလျနိုင်ငံမှာ ကျောင်းတက်နေတာပဲဖြစ်ပြီး ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သားလေးနဲ့တွေ့ဆုံရန် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတာပါ။ မကြာသေးခင်ကလည်း မိသားစုနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှစ်သစ်ကူးကို အတူဖြတ်သန်းကုန်ဆုံးခဲ့တာပါ။

Photo Credit - Yunnandylm’s Instagram Stories
Photo Credit - Yunnandylm’s Instagram Stories
Photo Credit - Yunnandylm’s Instagram Stories

မကြာသေးခင်ကလည်း သူမရဲ့ညီမဖြစ်သူ ယွန်းနဒီလွင်မိုးရဲ့ Instagram stories မှာ ဗီဒီယိုလေး တင်ထားတာပါ။ ဒါကတော့ ညီမလေးVideoရိုက်နေမှန်းသိလို့ပါးလေးနှစ်ဖက်ကိုကိုင်ကာကလေးတစ်ယောက်လိုပဲပေးနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Yunnandylm’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။