ပရိသတ်တွေအရမ်းချစ်ရတဲ့ ယွန်းဝတီလွင်မိုးရဲ့သားချောလေး Liam လေးကတော့ ဖိုးဖိုး၊ဖွားဖွား၊ဖေဖေ၊မေမေတို့ရဲ့ အချောအလှတွေကို အကုန်ယူထားတဲ့ကလေးလေးဖြစ်လို့ မျက်နှာလေးကအေးချမ်းပြီး ချစ်မွှေးပါတဲ့ကလေးလေးဖြစ်ပါတယ်နော်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကလည်း မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတဲ့အချိန်လေးမှာ သားလေးကိုသေချာဂရုစိုက်ပေးပြီးဘေးနားမှာတစ်ချိန်လုံးနေနေကြတာဖြစ်ပါတယ်။

Photo Credit:May Thu's IG
Photo Credit:May Thu's IG
Photo Credit:May Thu's IG

လွင်မိုးကလည်း အနုပညာအလုပ်တွေနဲ့စီးပွားရေးကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို အားတဲ့အချိန်တိုင်းမှာလည်း မြေးလေးနဲ့အတူတူဆော့ကစားပေးပြီး ထိန်းကျောင်းပေးနေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ယွန်းဝတီလွင်မိုးတို့က မိသားစုစုံစုံညီညီနဲ့ ဘန်ကောက်ကို ပျော်ပျော်ပါးပါး ခရီးထွက်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:May Thu's IG
Photo Credit:May Thu's IG

Liam လေးကတော့ ၁နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီး ဖြူဖြူဖွေးဖွေးလေးနဲ့ ပါးဖောင်းဖောင်းလေးတွေကြောင့် အရမ်းချစ်စရာကောင်းပါတယ်နော်။အခုဆိုရင်လည်း Liam လေးက ဖွားဖွားမေသူနဲ့အတူ ငြိမ်ငြိမ်လေးထိုင်နေပြီး အရမ်းလိမ္မာနေတဲ့ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးလည်းမြင်တွေ့ပြီး ပိုပိုချစ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:May Thu's IG
Photo Credit:May Thu's IG
Photo Credit:May Thu's IG

Photo Credit:May Thu's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။