ဆယ်စုနှစ်တွေကျော်တဲ့အချိန်ထိတိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ကာ အေးချမ်းတဲ့ မိသားစုလေးနဲ့အတူ ကြည်နူးပျော်ရွှင်နေသူတွေကတော့ ပြေတီဦးနဲ့အူဝဲတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနုပညာလောကမှာ လူတိုင်းအားကျနေရတဲ့အတွဲလေးတစ်တွဲပါ။ သူတို့နှစ်ယောက်တွဲဖက်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုရရှိထားခဲ့တာပါ။ 

Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

ပြေတီဦးတို့ဇနီးမောင်နှံဟာ မကြာသေးခင်က သူတို့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ " ငရဲဆိုတာ ဂျိုနဲ့လား " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဇာတ်ဝင်ခန်းတွေကို မော်လမြိုင်မှာ ရိုက်ကူးပြီးစီးခဲ့တာပါ။ တစ်ယောက်နဲ့တစ်ယောက်နောက်ပြောင်ထားတဲ့ ဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ဝေမျှပေးလေ့ရှိပြီး ပရိသတ်တွေကအားကျနေရတာပါ။  

Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

အခုမှာလည်း အူဝဲရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ နှစ်သစ်ကူးတဲ့နေ့လေးမှာချစ်ဇနီးလေးရဲ့ပါးပြင်လေးကိုအနမ်းဖွဖွလေးပေးကာရိုနေတဲ့ ပြေတီဦးရဲ့Video လေးပါ။ ဦးတီရဲ့ရိုမက်တစ်ဆန်ဆန်အနမ်းလေးတွေပေးနေတဲ့ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Eaindra Kyaw Zin’s Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။