မင်းသားချော မြင့်မြတ်ကတော့ တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မြင့်မြတ်က အရယ်၊ အငို၊ ဟာသ၊ အကြမ်းစတဲ့ ဇာတ်ကောင်စရိုက်မျိုးစုံကို ပိုင်နိုင်စွာဖန်တီးနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင် မြင့်မြတ်က အကယ်ဒမီဆုရရှိထားပြီဖြစ်သလို သားလေးနဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB

သားလေးရရှိပြီးနောက်ပိုင်းမှာတော့ မြင့်မြတ်က သားလေးကိုရိုက်ကွင်းကအစ အတူတူခေါ်သွားပြီး လက်ကမချနိုင်လောက်အောင် ချစ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြင့်မြတ်တို့မိသားစုလေးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို လူစုံတက်စုံနဲ့ အလည်အပတ်ခရီးထွက်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။အခုလည်း မြင့်မြတ်ရဲ့ချစ်တပည့် မြတ်ဝေထွန်းက ကြည်နူးစရာကောင်းတဲ့ မြင့်မြတ်တို့မိသားစုရဲ့ဗီဒီယိုဖိုင်လေးကို တင်ပေးထားပါတယ်။

Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB

ဒီဗီဒီယိုဖိုင်လေးမှာတော့ မြင့်မြတ်တို့ဇနီးမောင်နှံက သူတို့နှစ်ယောက်ရဲ့တစ်ဦးတည်းသောသား ဂျူနီယာမြင့်မြတ်လေးကိုမုန့်ခွံ့ကျွေးရင်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေကြတာပဲဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မြင့်မြတ်တို့မိသားစုလေးကို ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်တို့မိသားစုလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Myat Wai Tun's FB 

Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။