ပရိသတ်ကြီးရေ.. မမြတ်လေးလို့ ချစ်စနိုးခေါ်ကြသလို အပျိုကြီးလို့လည်း အားလုံးကချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူကတော့ စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ စကားပြောဟန်ပန်လေးတွေကြောင့်လည်း မမြတ်လေးကို ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါနော်..။

Photo Credit - Aye Myat Thu’s Facebook
Photo Credit - Amazing Grace Photography
Photo Credit - Aye Myat Thu’s Facebook

မိသားစုနဲ့ပရိသတ်တွေကိုသာ အဖော်ပြုပြီး နေလာတဲ့ ပရိသတ်အချစ်တော် မမြတ်လေးကတော့ အခုတစ်ခါမှာ (၂၀၂၀)မှာ မင်္ဂလာဆောင်ချင်တဲ့အကြောင်းလေးကိုပြောရင်း ချစ်စရာကောင်းအောင် ရှက်သွေးဖြာသွားပါတယ်နော်..။

(၂၀၂၀)က သူမ မင်္ဂလာဆောင်ချင်တဲ့နှစ်ဖြစ်ပြီး နံပါတ်လေးလည်း အရမ်းလှလို့ (၂၀၁၅)ခုနှစ်လောက်က (၂၀၂၀)ရောက်ရင် မင်္ဂလာဆောင်မယ်ဆိုပြီးတောင် တွေးခဲ့ဖူးတယ်ဆိုပြီး (၂၀၂၀)ကို အရမ်းချစ်ကာ မင်္ဂလာဆောင်ချင်တဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Aye Myat Thu’s Facebook
Photo By Myanmarload
Photo By Myanmarload

“အေးမြတ်သူအတွက်က (၂၀၂၀)က နံပါတ်လေးလှတယ်လို့ပဲ သိတယ် အများကြီးမတွေးဘူး အများကြီး မစဉ်းစားဘူး.. (၂၀၂၀)က နံပါတ်အရမ်းလှလို့ (၂၀၁၅)ခုနှစ်လောက် (၂၀၂၀)ရောက်ရင် မင်္ဂလာဆောင်မယ်ဆိုပြီး တွေးဖူးတယ် (၂၀၂၀)ဆိုတဲ့ ဂဏန်းလေးကို အဲ့လောက်ချစ်တာ (၂)ရက် (၂)လ (၂၀၂၀) တို့ (၂၀)ရက် (၂)လ (၂၀၂၀)တို့က မင်္ဂလာဆောင်လို့ ဘယ်လောက်ကောင်းလဲ..” ဆိုပြီး ချစ်စဖွယ်လေးပြောကာ ရှက်သွေးဖြာသွားတာပဲ ဖြစ်ပါတယ်နော်..။

ကောင်လေးချောချောလေးတွေတွေ့ရင် ငမ်းတဲ့အကြောင်းလေးနဲ့ မသိမသာ ငမ်းပုံငမ်းနည်းလေးကိုလည်း ချစ်စရာကောင်းလောက်အောင် ပြောပြထားတဲ့ မမြတ်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေသဘောကျနေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - Aye Myat Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။