ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာကျော် ဗိသုကာလက်ရာမြောက် အဆောက်အအုံတွေထဲကမှ တစ်ခုဖြစ်တဲ့ "Sunrise Kempinski" ဟိုတယ် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ ဟိုတယ်အဆောက်အအုံကြီးရဲ့ ထူးခြားချက်က နေထွက်လာတဲ့ ပုံသဏ္ဍာန်ပေါ်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အံ့ဖွယ် ဗိသုကာ လက်ရာအမြောက်ဆုံး အဆောက်အအုံ နှစ်ခုထဲမှာ ကမ်ပင်စကီ ဟိုတယ်က အကောင်းဆုံး လက်ရာတစ်ခုလို့ ဆိုရမှာပါ။

photo credit pngtree

တရုတ်နိုင်ငံ ပီကင်းမြို့မှ ၆၀ ကီလိုမီတာလောက် ကွာဝေးသော နေရာသို့ ထွက်လာမယ်ဆိုရင် ရေကန်ကြီးတစ်ခုရဲ့ နှုတ်ခမ်းပေါ်တွင် တည်ဆောက်ထားတဲ့ ကမ်ပင်စကီ ဟိုတယ်ကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတာက အဲ့ဟိုတယ်ကြီးကို ပေါင်းစည်းညီညွတ်မှုနှင့် သဟဇတ ဖြစ်မှုများဖြင့် ဖော်ညွှန်း တည်ဆောက်ထားတာဖြစ်ပြီး တရုတ်ယဉ်ကျေးမှုတွင် လာဘ်ကောင် တစ်ကောင်လို့ ယုံကြည်ထားတဲ့ ပင်လယ်ကနုကမာကောင်(Scallop) ပုံစံနဲ့လည်း တူညီတာ ဖြစ်ပါတယ်။

photo credit pngtree

ဟိုတယ်ရဲ့ ရှေ့မျက်နှာစာကို နေထွက်နေတဲ့ ပုံဖော်ထားတာဟာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော တရုတ်နိုင်ငံ၏ စီးပွားရေး အမှတ် သင်္ကေတကို နိမိတ်ယူထားတယ်လို့ သိရပါတယ်။ ဝင်ပေါက်ဟာလည်း ငါးကြီးတစ်ကောင်ရဲ့ ပါးစပ်ပေါက်နဲ့ တူညီနေပြီး ကြွယ်ဝချမ်းသာမှုကို ရည်ညွှန်းထားတာဖြစ်ကြောင်း တရားဝင်သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဟိုတယ်တစ်ခုလုံးကို မှန်ဘောင်ကွက် တစ်သောင်းကျော်ဖြင့် ပုံဖော်ထားကာ မှန်များရဲ့ စုစုပေါင်း ဧရိယာဟာ ၁၈၀၇၅ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ထိပ်ပိုင်းကိုတော့ ကောင်းကင်မှ အရောင်ဟပ်နေစေရန် တည်ဆောက်ထားပြီး အလယ်ပိုင်းမှာတော့ ယန်ရှန်တောင်က ဟိုတယ်ရဲ့ မှန်များပေါ်သို့ ရောင်ပြန်ဟပ်နေစေပါတယ်။ ဒါ့အပြင် အောက်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် အနီးနားရှိ ရေကန်မှာ အရိပ်ထင်နေတာကို ပရိသတ်ကြီးအနေနဲ့ ရင်သပ်ရှုမောဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။