ပရိသတ်တွေအရမ်းချစ်ရတဲ့ ရှမ်းမလေးမြတ်ရတနာကျော်ကတော့ အဆိုတော်အာဘွိုင်းနဲ့အတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်ထားပြီး သမီးချောချောလေးတစ်ယောက်ကိုလည်းမွေးဖွားထားတာကြောင့် ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါပြီနော်။မြတ်ရတနာကျော်က သမီးတစ်ယောက်မွေးဖွားထားတဲ့မိခင်လို့ထင်ရက်စရာမရှိလောက်အောင် နုနယ်ပျိုမျစ်ပြီး အရမ်းလှပတဲ့မိန်းကလေးပဲဖြစ်ပါတယ်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

အာဘွိုင်းကလည်းချစ်ဇနီးချောလေးကို အရမ်းဂရုစိုက်ကြင်နာပေးပြီး မိသားစုအပေါ်လိုလေသေးမရှိအောင်စောင့်ရှောက်ပေးတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။အာဘွိုင်းတို့ ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့ ချစ်ချစ်ခင်ခင်ရွှေလက်တွဲနေပြီး ခရီးတွေလည်းမကြာခဏသွားကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

ယခုလက်တလောမှာလည်း မြတ်ရတနာကျော်က ပြင်ဦးလွင်ကိုရောက်ရှိနေပြီး သမီးချောလေးနဲ့အတူတူ ဓာတ်ပုံလှလှလေးတွေရိုက်နေတာဖြစ်ပါတယ်။Scarlett လေးကတော့ ဆောင်းရာသီဖက်ရှင်လေးနဲ့ နှင်းပွင့်လေးလိုဖြူဖွေးဥနေပြီး ပါးဖောင်းလေးတွေကရဲနေကာ အရမ်းချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

Photo Credit:Myat Yadanar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။