ပရိသတ်ကြီးရေ မင်းသမီးချောလေးအိချောပိုကတော့ ယဉ်ယဉ်လေးနဲ့ဆွဲဆောင်မှုရှိစွာလှပတဲ့သူဖြစ်ပါတယ်နော်။သူမရဲ့ကောက်ကြောင်းအလှလေးကလည်း ပုရိသတွေရဲ့ရင်ကိုလှုပ်ခါနိုင်စွမ်းရှိပြီး မိန်းကလေးချင်းတောင်အားကျရမယ့် အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိချောပိုရဲ့ အနုပညာအရည်အသွေးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြလို့ သူမကိုတစိုက်မက်မက်နဲ့ အားပေးချစ်ခင်နေကြတာပါနော်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

အိချောပိုရဲ့အနုပညာသက်တမ်းကလည်း နှစ်တွေကြာမြင့်နေပြီဖြစ်ပြီး ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားကိုရိုက်ကူးခဲ့ကာ ရုပ်ရှင်ခေတ်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာ ပါဝင်သရုပ်ဆောင်နေတာကြောင့် သူမရဲ့အနုပညာခြေလှမ်းတွေက မပြတ်သွားပါဘူးနော်။အိချောပိုကလည်း သဘောမနောကောင်းသူလေးတစ်ယောက်ဖြစ်ပြီး ရိုးရှင်းပွင့်လင်းလို့လည်း ပရိသတ်တွေကပိုပိုပြီးအားပေးလာကြတာဖြစ်ပါတယ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

အိချောပိုက လက်တလောမှာဆိုရင် ခရီးတွေထွက်နေရပြီး မကြာခင်ရက်ပိုင်းကမှ ဘန်ကောက်ကိုခရီးထွက်ကာ အခုဆိုရင်လည်း ပြင်ဦးလွင်ဘက်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ အိချောပိုရဲ့မွေးနေ့လေးဖြစ်ပြီး မွေးနေ့မတိုင်ခင်ရက်ကတည်းက ရွှေတိဂုံဘုရားပေါ်သွားကာ ယောဂီဝတ်စုံလေးနဲ့ အေးချမ်းစွာဆီမီးပူဇော်ခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

Photo Credit:Ei Chaw Po's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။