ပရိသတ်ကြီးရေ.. ဦးတီလို့ အားလုံးက ခေါ်ကြတဲ့ သရုပ်ဆောင်မင်းသားချောပြေတီဦးကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေထဲမှာ ထိပ်တန်းကနေ ရပ်တည်နေပြီး ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပြေတီဦးကတော့ ပရိသတ်အသည်းကျော် ထိပ်တန်းမင်းသမီး အိန္ဒြာကျော်ဇင်နဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါပဲနော်..။


Photo Credit – Pyay Ti Oo’s Facebook
Photo Credit – Amazing Grace Photography

ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားတဲ့ ပြေတီဦးကတော့ သူ့အတွက်ကတော့ အကယ်ဒမီထက် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့ အသိအမှတ်ပြုမှုတွေက ပိုပြီးတော့ အရေးကြီးတန်ဖိုးရှိတာပါဆိုပြီး ပြောပြလာပါတယ်နော်..။

အကယ်ဒမီကို သိပ်မတွေးဖြစ်ဘဲ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကို ပရိသတ်တွေ အသိအမှတ်ပြုပြီး ကျေနပ်စေဖို့ကို အဓိကထားကာ အကယ်ဒမီရရင်လည်း ပျော်မှာဖြစ်သလို မရရင်လည်း ကောင်းတဲ့ဘက်က မြင်ပြီးတော့ လက်ခံမှာပါဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit – Amazing Grace Photography
Photo Credit – Pyay Ti Oo’s Facebook

“လောကကြီးမှာ ကိုယ့်စိတ်ဆန္ဒနဲ့ မတိုက်ဆိုင်တိုင်း ကိုယ့်ရဲ့လိုဘက်တွေမပြည့်တိုင်း ရန်တွေလုပ်ကြမယ်ဆိုရင် ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူးလေ ဘယ်အရာမှာမဆို အကျိုးအကြောင်းဆိုတာ ရှိကိုရှိတာမို့ ဒီသဘောတရားလေးကို နားလည်လက်ခံပြီးတော့ ကိုယ့်သဘောထားနဲ့ မတိုက်ဆိုင်လည်း ကိုယ့်ရဲ့လိုအင်တွေမပြည့်လည်း နားလည်နိုင်ရမယ် ခွင့်လွှတ်နိုင်ရမယ်ဆိုတော့ ကျွန်တော်တို့ကတော့ အရမ်းကြီးမျှော်လင့်ထားတာမျိုးရယ်တော့ မရှိပါဘူး ရတယ်ဆိုရင်လည်း ပျော်လိုက်မယ် မရဘူးဆိုရင်လည်း နားလည်ပြီးတော့ လက်ခံပေးလိုက်မယ်ပေါ့ ..” ဆိုပြီးတော့လည်း ခံယူထားတဲ့ သဘောတရားလေးကိုလည်း ပြောပြထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်လေးနဲ့ ပရိသတ်တွေအပေါ် သဘောထားလေးကို ပြောပြထားတဲ့ ဦးတီရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ဆင်တက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Amazing Grace Photography
Photo Credit – Pyay Ti Oo’s Facebook

Photo Credit – Pyay Ti Oo’s Facebook & Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။