photo credit - Garter twitter

Dota 2 Pro ကစားသမားဘဝကို 2011 ခုနှစ်လောက်ထဲက စတင်ခဲ့တဲ့ Garter ကတော့ သိပ်မကြာခင်က Dota 2 ကိုစွန့်ခွာခဲ့ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Garter ဟာ အရင်က Cede Nullis , Glipsid3 Tactics , Prodota Gaming နဲ့ အခြားသော dota 2 team တော်တေ်ာများများမှာ ကစားခဲ့တဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

Prodota Gaming မှာကစားနေတုန်းကဆိုရင်လည်း Garter ဟာ Prodota Gaming နဲ့အတူ minor ပွဲစဉ်တော်တော်များများမှာ Champion ဆုတွေရယူနိုင်ခဲ့တဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

သူနောက်ဆုံး ကစားခဲ့တဲ့ dota 2 team ကတော့ MangoBay ဖြစ်ပြီး 2019 ခုနှစ်အတွင်းမှ ၎င်းအသင်းကနေ အနားယူခဲ့တာပဲဖြစ်ပါတယ်။

အနားယူနေရင်းကနေ မနေ့က ဇန်နဝါရီလ 2 ရက်နေ့မှာတော့ Garter ဟာ သူ့ရဲ့ twitter အကောင့်ကနေ Dota 2 player အဖြစ်ကနေ အနားယူပြီး League of Legends ကိုကူးပြောင်းဆော့ကစားသွားတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Garter အခုလို Dota 2 ကိုစွန့်ခွာသွားရတဲ့အကြောင်းကို လေ့လာသုံးသပ်သူတွေက လက်ရှိ Dota 2 community မှာအများကြီးရှိနေတဲ့ အဆိပ်အတောက် players တွေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

source - Garter Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။