မိတ်ကပ်ပြင်ဆင်မှုနယ်ပယ်မှာ အောင်မြင်မှုကြီးကြီးမားမားနဲ့ရပ်တည်နေသူကတော့ ပရိတ်သတ်အချစ်တော်မကြီးစန်းပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း မကြီးစန်းကတော့ မိတ်ကပ်ပညာမှာဆရာတစ်ဆူဖြစ်ရုံသာမကဆယ်စုနှစ်တခုကျော်ကြာအောင်မြင်နေတဲ့သူဆိုလည်းမမှားပါဘူးနော်။မကြီးစန်းဟာယခုလတ်တလောတွင်ရုပ်ရှင်ကားကြီးများလည်းလက်ခံရိုက်ကူးနေပြီးမင်းသမီးတစ်လက်ပါဖြစ်လို့နေတာပဲဖြစ်ပါတယ်။


Photo Credit-Khin San Win's Facebook
Photo Credit-Khin San Win's Facebook

မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် မောင်နဲ့ကွဲသွားရင်သေသွားမယ် ရူးသွားမယ်ထင်ခဲ့တာ အခုသေလည်းမသေရူးလည်းမရူးဘူးမောင် KSW Beautyရဲ့Ownerလည်းဖြစ်လိုက်သေးတယ် ရုပ်ရှင်မင်းသမီးလည်းဖြစ်လိုက်သေးတယ် ကံတွေပိုကောင်းလာတယ်ထင်တယ်မောင်ဆိုတဲ့captionလေးနဲ့ပုံအမိုက်စားလေးတွေကိုတင်ပေးလာပါတယ်။ မကြီးစန်းဟာ ဆံပင်အတိုလေးနဲ့အရမ်းကိုဂေါ်နေပြီး အံ့သြစရာကောင်းအောင်ကိုလှလွန်းပါတယ်နော်။သူမဟာ ယခုဆိုရင် KSW Beautyဆိုတဲ့cosmeticကိုလည်းထုတ်လုပ်ရောင်းချနေပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါဖြစ်နေပါပြီနော်။


Photo Credit-Khin San Win's Facebook
Photo Credit-Khin San Win's Facebook

မကြီးစန်းဟာ မကြာသေးမီက ကျားကျားကြိုက်ကြိုက်ဆိုတဲ့ရုပ်ရှင်ကားကြီးတွင်ပါဝင်သရုပ်ဆောင်ထားပြီး ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားတာပါ။မကြီးစန်းရဲ့နောက်ထပ်ထွက်ရှိလာမယ့်ရုပ်ရှင်ကားကြီးတွေကိုရောပရိတ်သတ်တွေအားပေးကြမယ်မလား။လှပခန့်ညားနေတဲ့မကြီးစန်းရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khin San Win's Facebook
Photo Credit-Khin San Win's Facebook

Source-Khin San Win's Facebook

Photo Credit-Khin San Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။