ကုန်းနေသတ္တဝါ ဖြစ်တဲ့ ကျားသစ်တစ်ကောင်က ပင်လယ်ပြင်အောက်မှာ ရေနေသတ္တဝါတစ်ကောင်လို ကျွမ်းကျင်စွာ ရေငုပ်ကူးခပ်နေတဲ့ အကြောင်းကို တင်ဆက်ပေးမယ်ဆိုရင် စာဖတ်ပရိသတ်ကြီး စိတ်ဝင်စားကြမှာပါနော်။ အနုပညာရှင်တွေရဲ့ လတ်တလောလှုပ်ရှားမှုတွေ၊ ပြည်တွင်းပြည်ပ အားကစားသတင်း၊ E-sports မှစ၍ ကမ္ဘာအနှံ့ရှိ ထူးဆန်းထွေလာ သတင်းမျိုးစုံကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတာကြောင့် အဆက်အသွယ် မပြတ်ရအောင် like and follow လုပ်ထားကြပါဦးနော်။ 

Photo Credit Once A Glance Page

အခုတစ်ခါမှာဆိုရင်တော့ ဗဟုသုတ အစီအစဉ်ကဏ္ဍကနေ ကျားသစ်တွေဟာ မြေပြင်ပေါ်မှာ အမဲလိုက်တော်ရုံမကဘဲ ရေနေ သတ္တဝါ တစ်ကောင်လို ရေအောက်ထဲမှာပါ ကျွမ်းကျင်စွာ အသက်ရှင်သန်နိုင်ပုံကို ယုံယုံကြည်ကြည် ကြည့်ရှုခံစားရအောင် ပုံရိပ်တွေနဲ့တကွ သက်သေပြု မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။ ရေအောက်ပြတိုက်တစ်ခုမှာ အံ့သြဖွယ် ကျားသစ်တစ်ကောင် ရေငုပ်ကူးခပ်နေတာကို လူတစ်ယောက်က ဗီဒီယိုရိုက်ကူးပြီး social media တစ်ခုဖြစ်တဲ့ You tube ပေါ်တင်လိုက်တဲ့အခါမှာ ကြည့်ရှုသူဦးရေ ၁၀သန်းကျော်အထိ ဖြစ်ခဲ့ပါတယ်။

Photo Credit Once A Glance Page

ကျားသစ်တွေရဲ့ ပင်ကိုယ်စွမ်းရည်တွေက ထူးခြားများပြားလှပါတယ်။ ငါးတစ်ကောင်လို ပင်လယ်ရေအောက်တွေထဲမှာ ကျွမ်းကျွမ်း ကျင်ကျင် ကူးခပ်နိုင်ပြီး ကုန်းနေ၊ ရေနေ အကြီးအစား သတ္တဝါတစ်ကောင်ဖြစ်တဲ့ မိကျောင်းလိုလည်း ရေထဲကနေ မိမိရဲ့ သားကောင်ကို ချောင်းမြောင်းတိုက်ခိုက်နိုင်ပါသေးတယ်။ ဒါတင်မကသေးဘူး လိပ်တစ်ကောင်လိုလည်း ရေထဲမှာ အချိန်ကြာမြင့်စွာ အသက်ရှင် ငုပ်နေနိုင်ပါတယ်။ ယခု တင်ဆက်ပေးသွားခဲ့တဲ့ ကျားသစ်ရေငုပ်တဲ့ အကြောင်းအရာလိုမျိုး အခြားထူးဆန်းဖွယ် အဖြစ်ပျက်တွေကိုလည်း ထပ်မံဖော်ပြပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Source Once A Glance Page

photo credit Once A Glance Page

Photo Credit Once A Glance Page
Photo Credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။