ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ အကယ်ဒမီဆုနှစ်ဆုတိတိ ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ ခိုင်သင်းကြည်က ခန့်စည်သူ၊ မခိုင်ကြီးတို့နဲ့အတူ " ခသုံးလုံး " ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်သင်းကြည်က အမြဲတမ်းအရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

ခိုင်သင်းကြည်က ဖက်ရှင်နဲ့ပတ်သက်ရင်လည်း ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်သူ ဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်တွေနဲ့ အမြဲတမ်းခေတ်မှီလှပနေတဲ့ ခိုင်သင်းကြည်ကတော့ လူငယ်တွေလိုက်မမှီနိုင်လောက်အောင် လှနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ပျိုကိုယ်နုဆိုသလို ပျော်ပျော်နေတတ်တဲ့ မခိုင်လေးက အသက်လေးဆယ်ကျော်အရွယ်အမျိုးသမီးလို့ ထင်ရက်စရာမရှိအောင်ကို အရွယ်တင်လွန်းနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

လက်ရှိမှာဆိုရင်လည်း ခိုင်သင်းကြည်က "The Masks Singer Myanmar " ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်နေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခိုင်သင်းကြည်က " နှစ်သစ်မှာအမိုက်စားမျက်နှာဖုံးရှင်အသစ်တွေကိုကြည့်ရပါတော့မယ်ရှင် The Masks Singer Myanmar ကိုအားပေးကြတဲ့ချစ်ပရိတ်သတ်ကြီးနဲ့ဒီနေ့ည ၇:၃၀ Channel Me မှာဆုံမယ်နော်" ပရိသတ်တွေအားလုံးကို နှုတ်ဆက်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ခိုင်သင်းကြည်ရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Khine Thin Kyi's FB  

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။