ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါမှာအရမ်းအောင်မြင်ခဲ့ပြီး အခေါက်ပေါင်းများစွာပြန်ဖတ်ချင်တဲ့အထိဆွဲဆောင်နိုင်တဲ့"ကမ္မဖလ"ဝတ္ထုကြီးဟာဆိုရင် ဆရာကြီးတင့်တယ်ကရေးဖွဲ့ထားခဲ့တာဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုးက အရည်အသွေးပြည့်ဝတဲ့အနုပညာရှင်ကောင်းများစွာနဲ့အတူ ရုပ်ရှင်အဖြစ်အသက်သွင်းပြီးအနုစိတ်ခြယ်မှုန်းထားတာပဲဖြစ်ပါတယ်။ဝတ္ထုရဲ့အာဘော်လည်းမပျောက်သွားဘဲ ပရိသတ်တွေရဲ့ရင်ထဲကိုတိုက်ရိုက်ထိမှန်သွားစေဖို့အတွက် အခန်းတိုင်းကို ပီပီပြင်ပြင်နဲ့သေသေချာချာရိုက်ကူးပုံဖော်ထားတာကို တွေ့ရပါတယ်နော်။

"ကမ္မဖလ"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စ လယ် ဆုံးကို ပရိသတ်တွေကြည့်ရတာမပေါ့သွားအောင်လို့ အကောင်းဆုံးကြိုးစားဖန်တီးထားတာဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ကိုလိုနီခေတ်ကိုနောက်ခံထားကာ ထိုခေတ်ရဲ့အပြင်အဆင်တွေကို တိတိကျကျမြင်တွေ့ရမှာဖြစ်ပြီး အသေးစိတ်လေးကအစသေချာလုပ်ဆောင်ထားတာကြောင့် ဟာကွက်မရှိပါဘူးနော်။ဇာတ်ကားကြီးရဲ့အဓိကဇာတ်ရုပ်ဖြစ်တဲ့ မောင်ကံကောင်းဟာဆိုရင် ချမ်းသာတဲ့မျိုးရိုးကပေါက်ဖွားလာပေမယ့် ဘဝပေးအခြေအနေကြောင့် ခက်ခဲကြမ်းတမ်းစွာရှင်သန်လာခဲ့ရပြီး အရွယ်နဲ့မလိုက်အောင်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မိခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့မေတ္တာတရားတွေကိုပြသထားတဲ့ဇာတ်ဝင်ခန်းမှာဆိုရင် နှလုံးသားနုသူအဖို့မျက်ရည်ဖြိုင်ဖြိုင်ကျရမှာဧကန်ပါပဲနော်။ကလေးတစ်ယောက်ရဲ့ငယ်စဉ်ဘဝတည်းကကြုံတွေလာခဲ့ရတဲ့အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေဟာဆိုရင် လူ့ဘောင်လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကလည်း ကျရာဇာတ်ရုပ်ကို ဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်တာကြောင့် အရမ်းကောင်းတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့လက်မလွှတ်ဘဲကြည့်ရှု့သင့်ပါတယ်နော်။ 

Photo Credit:ကမ္မဖလ ရုပ်ရှင်ဇာတ်ကားကြီး

Commercial Article 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။