ပရိသတ်ကြီးရေ.. မအေးသောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ရိုးရှင်းအေးချမ်းတဲ့အလှတရားတွေနဲ့ အမြဲအချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ မအေးသောင်းလေးကတော့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရပြီး စာရေးဆရာမလွန်းထားထားရဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးပုံဖော်မယ့် “အဆိပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်နော်..။


Photo Credit – htet Zaw Aung's Facebook
Photo Credit – Aye Thaung’s Facebook

မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် နာမည်ကျော်စာရေးဆရာတွေဖြစ်ကြတဲ့ ဆရာမဂျူးနဲ့ ဆရာမလွန်းထားထားတို့ရဲ့ စာအုပ်တွေ ဝတ္တုတွေက သူမအပေါ်လွှမ်းမိုးမှု အများကြီးရှိခဲ့တဲ့အကြောင်းကိုလည်း အေးသောင်းက ပြောပြလာပါတယ်နော်..။

ငယ်ငယ်လေးကတည်းက ဆရာမဂျူးတို့ ဆရာမလွန်းထားထားတို့ စာအုပ်တွေကိုအများကြီး ဖတ်ခဲ့ကာ ဝတ္တုတွေရဲ့လွှမ်းမိုးတွေ အများကြီးရှိခဲ့ပြီး မိန်းကလေးတွေဘက်က ရပ်တည်ပေးတဲ့ ဆရာမတွေအပေါ် သူမရဲ့အမြင်ကိုလည်း ပြောပြထားပါတယ်နော်..။


Photo Credit – Aye Thaung’s Facebook
Photo Credit – Aye Thaung’s Facebook

“မိန်းကလေးတွေက ပိုပြီးတော့ အားပေးချင်တဲ့စိတ်နဲ့ မိန်းကလေးတွေဘက် ပိုပြီးတော့ ရေးကြတာများပါတယ် ဟိုခေတ်တုန်းက မိန်းကလေးတွေက သိပ်ပြီးတော့ လူရာအသွင်းမခံရဘူးဆိုတဲ့ ပုံစံမျိုးပေါက်တယ် အခုနောက်ပိုင်းကျတော့ မိန်းကလေးတွေက အလုပ်လုပ်နိုင်လာတယ် ဦးဆောင်နိုင်လာတယ် မိန်းကလေးတွေမှာလည်း ဘယ်လိုအရည်အချင်းရှိပါတယ်ဆိုတာကို ပြချင်တဲ့အတွက် ဆရာမတို့က ဦးဆောင်ပြီးတော့ ရေးခဲ့တာလို့ ထင်ပါတယ်..” ဆိုပြီး သူမရဲ့အမြင်လေးကိုလည်း ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် မအေးသောင်းလေး ပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit – Aye Thaung’s Facebook
Photo Credit – Aye Thaung’s Facebook

Photo Credit – Aye Thaung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။