မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းခံနေရသူလေး ဖြစ်ပါတယ်။ နိုင်ငံခြားမင်းသမီးလေးတစ်ယောက်လို့ အထင်မှားရလောက်အောင် ဘိုဆန်ဆန်လေးလှနေတဲ့ ပက်ထရစ်ရှာကို ပုရိသတွေအားလုံးက ကြွေနေရတာပဲဖြစ်ပါတယ်။ ရှာရှာရဲ့ ပင်ကိုယ်စတိုင်နဲ့ ဖက်ရှင်တွေကလည်း မြင်သူငေးလောက်အောင် ထိမိနေတာ ဖြစ်ပါတယ်။

Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB

ပက်ထရစ်ရှာက ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ အများအပြားရိုက်ကူးပြီး အနုပညာလောကမှာ အောင်မြင်လာခဲ့တာကလည်း အချိန်အတော်ကြာရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အပန်းဖြေရတာကိုနှစ်သက်တဲ့ ရှာရှာက အခုလည်း သူမချစ်ရတဲ့ပရိသတ်တွေအတွက် အလွမ်းပြေပုံလေးတွေကို မျှဝေလိုက်ပါတယ်။ ရှာရှာက ရေချိုးကန်ထဲမှာ ညို့အားပြင်းတဲ့အလှတွေနဲ့ ဖမ်းစားထားတဲ့ သူမရဲ့ပုံလေးတွေကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB

ပက်ထရစ်ရှာက နှင်းဆီပွင့်ဖတ်လေးတွေစိမ်ထားတဲ့ ရေချိုးကန်ထဲမှာထိုင်ပြီး အေးအေးဆေးဆေး အနားယူနေရင်း ဓာတ်ဖမ်းထားတာ ဖြစ်ပါတယ်။ ဘယ်လိုနေနေလှနိုင်လွန်းတဲ့ ရှာရှာကတော့ အမိုက်စားပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေရဲ့နှလုံးသားကို လှုပ်ခတ်နိုင်လိုက်ပြီလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့ ရင်ခုန်စွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sue Sha Naing's FB 

Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။