လိုက်ဖက်ညီတဲ့ စုံတွဲလေးလို့ ပရိသတ်တွေသတ်မှတ်ထားကြတာကတော့ အဆိုတော်ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့အတွဲလေးပါ။ သူတို့အတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာတွေလည်း သိပ်မရှိဘဲ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမနဲ့ အနုပညာအလုပ်တွေကို အတူတူကြိုးစား လုပ်ကိုင်နေကြသူတွေလည်း ဖြစ်ပါတယ်။ 

Photo Credit - Warso Moe Oo's Instagram
Photo Credit - Warso Moe Oo's Instagram
Photo Credit - Warso Moe Oo's Instagram

မကြာသေးခင်ကလည်း သူမတို့ရဲ့ ချစ်သူသက်တမ်း (၄)နှစ်ပြည့်လေးကို အေးချမ်းလှတဲ့ ကလောမြို့လေးမှာ အတူတကွ ဖြတ်သန်းခဲ့ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် စပရိုက်လေးတွေလည်း လုပ်ပေးကာ ရိုမက်တစ်ဆန်လွန်းတာကြောင့်လည်း ပရိသတ်တွေက အားကျပြီးရင်း အားကျနေကြတာပါ။

Photo Credit - Warso Moe Oo's Instagram
Photo Credit - Warso Moe Oo's Instagram
Photo Credit - Warso Moe Oo's Instagram

အခုမှာလည်း ဝါဆိုမိုးဦးရဲ့ Instagram stories လေးမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပါ။ ဒါကတော့ ၄နှစ်တာချစ်သူတက်တမ်းမှာ show ပွဲမှာ နှစ်ယောက်အတူတူတွဲဆိုဖူးတာ ဒီပွဲကပထမဦးဆုံးပွဲလေးပါ ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ အတွဲညီညီနဲ့ သီဆိုထားကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ Blacklist ဆိုတဲ့သီချင်းလေးကို ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

source and Photo Credit - Warso Moe Oo's Instagram Stories

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။