မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ရာသီကြို လူမှုရေးရန်ပုံငွေဖလား MFF Charity Cup 2020 ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။သတင်းစာရှင်းလင်းပွဲသို့ ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်၊ အသင်းခေါင်းဆောင် သီဟစည်သူတို့ တက်ရောက်၍ စာနယ်ဇင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားပေးခဲ့ပါတယ်။

Photo Cretid - Myanmar National League
Photo Cretid - Myanmar National League

အဲ့ဒီယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဖြစ်တဲ့ဦးအောင်နိုင်က အသင်းတွက်ပြောကြားခဲ့တာကတော့"ကျန်းမာရေးကြောင့်မကစားနိုင်တဲ့ ကစားသမားကလွဲရင်၊ကျန်တဲ့ ကစားသမားတွေထဲကအ‌‌ကောင်းဆုံး အနေအထားရှိတဲ့သူတွေကို သုံးသွားမယ်၊အင်အားအပြည့် ကစားမယ်....မြက်ခင်းတုကွင်းဖြစ်လို့ပုံမှန်ကွင်းတွေနဲ့ မတူပေမဲ့ကွာခြားချက် အများကြီး မရှိပါဘူး..အဓိက ကစားသမားတွေအပြောင်းအလဲ မရှိဘူး၊အားဖြည့်ထားတဲ့ နိုင်ငံခြားသားအများစုကလည်းမြန်မာ့ ဘောလုံးလောကနဲ့ရင်းနှီးပြီးသားလူတွေ...မနှစ်က ရထားပြီးသား ပုံစံကောင်းကိုဆက်ထိန်းနိုင်မယ်လို့ ယုံကြည်တယ်...ရာသီအစမှာ တာထွက်ကောင်းဖို့ဒီပွဲကစပြီး အကောင်းဆုံးကစားသွားမှာပါ" ဆိုပြီးပြောကြားခဲ့ပါတယ်။

Photo Cretid - Myanmar National League
Photo Cretid - Myanmar National League

ရန်ကုန်ယူနိုက်တက်နည်းပြချုပ်ဖြစ်တဲ့ ဦးတင်မောင်ထွန်းကတော့“အိမ်ကွင်းအားသာချက် ရှိတယ်ပြောနိုင်ပေမယ့် ရှမ်းအသင်းကို လျော့တွက်လို့ မရပါဘူး။ ရှမ်းအသင်းက ပြီးခဲ့တဲ့နှစ်က ပုံစံကောင်းပြထားတဲ့အသင်းတစ်သင်းပါ..ဒါပေမယ့် ရာသီအစ ပွဲစဉ်ဖြစ်လို့ အဖွင့်လှဖို့ ကြိုးစားမှာပါ.. လက်ရှိခေါ်ယူထားတဲ့ ကစားသမား အင်းအားကိုလည်း ကျေနပ်အားရမှုရှိပါတယ်.. ပြည်တွင်းပွဲစဉ်တွေတင် မဟုတ်ဘဲ အေအက်ဖ်စီနဲ့ မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွေအတွက်ပါ ခေါ်ယူအားဖြည့်ထားခြင်း ဖြစ်ပါတယ်”ပြောကြားခဲ့ပါတယ်။ 

Photo Cretid - Myanmar National League

Source - Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။