ပရိသတ်ကြီးရေ.. အမိုက်စား သီချင်းစာသားလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်ဝန်းရံမှုတွေကို အခိုင်အမာ သိမ်းပိုက်ထားတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ အဆိုတော် G-Fatt ကလည်း အပါအဝင်ပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို မကြာသေးခင်ကမှ လမ်းခွဲပြတ်စဲခဲ့တဲ့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြပါတယ်နော်..။


Photo Credit – G-Fatt’s Facebook
Photo By Myanmarload

ပရိသတ်တွေကြား သတင်းတွေထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း G-Fatt က တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်လို့ လမ်းခွဲလိုက်တာ မဟုတ်တဲ့အကြောင်းကို အတိအလင်း ဖြေရှင်းပြောပြလာပါတယ်နော်..။

နှစ်ဦးနှစ်ဖက် ကာယကံရှင်တွေသာ အသိဆုံးဖြစ်တဲ့ ပြဿနာတွေအများကြီးရှိတဲ့အတွက် စိတ်ခံစားချက်တွေ လူသိရှင်ကြား လိုက်ပြီးရှင်းပြစရာ မလိုဘူးလို့ ထင်သလို တစ်ယောက်နဲ့ တစ်ယောက် သစ္စာဖောက်လို့ မဟုတ်ဘဲ ညှိမရတာတွေ များလာလို့ လမ်းခွဲလိုက်တာဖြစ်တဲ့အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်..။


Photo Credit – Alinn Yaung Photography
Photo Credit – G-Fatt’s Facebook

“ကျွန်တော်သစ္စာဖောက်လို့ လုံးဝမဟုတ်ပါဘူး သူသစ္စာဖောက်လို့လည်း လုံးဝမဟုတ်ပါဘူး နှစ်ယောက်ကြားထဲမှာ ညှိလို့မရတဲ့ ကိစ္စတွေအများကြီးလို့ ရပ်တန့်လိုက်တာပါ အခုနောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ ကျွန်တော်က ဘယ်ကောင်မလေးနဲ့ တွဲနေတယ် ဘယ်ကောင်မလေးနဲ့ ဘယ်လိုဆိုတာတွေက သတင်းအမှားတွေဖြစ်ပါတယ် ကျွန်တော်အတိအလင်း ဝန်ခံပါတယ် ကျွန်တော့်မှာ ဘယ်ကောင်မလေးမှ မရှိပါဘူး ကျွန်တော်ဘယ်သူနဲ့မှ တဲွဲမပါဘူး..” ဆိုပြီးတော့ ရှင်းလင်းပြောပြထားပါတယ်နော်..။

နောက်တစ်ယောက်တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့အတွက် တချို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သေသေချာချာ ဂဂဏဏမသိပဲ ရမ်းသမ်းပြီး စွပ်စွဲကြတဲ့အခါ ကျွန်တော်က ယောကျ်ားလေးမို့ ဘာမှ မဖြစ်ပေမယ့် စွပ်စွဲခံရတဲ့အခြားမိန်းကလေးတွေရဲ့ သူတို့အသိုင်းအဝိုင်းတွေမှာ အများကြီး နစ်နာမှုတွေရှိပါတယ် ကိုယ့်ညီမလေးတစ်ယောက်လို ကိုယ့်မိသားစုတစ်ယောက်လို ကိုယ်ချင်းစာပေးစေချင်ပါတယ် မကောင်းဘူးပေါ့ဗျာ ကျွန်တော့ပရိသတ်တွေလည်း အဲ့လိုမျိုး ကျွန်တော့ကို စွပ်စွဲမှုတွေ မပြုလုပ်ဖို့ အခြားသောပရိသတ်တွေကလည်း ကျွန်တော့ကို စွပ်စွဲမှုတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်..” ဆိုပြီးတော့ ပြောပြထားတဲ့ G-Fatt ရဲ့ ဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Alinn Yaung Photography
Photo Credit – Alinn Yaung Photography

Photo Credit – G-Fatt’s Facebook & Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။