ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ သူမရဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဘဝခရီးလမ်းကိုလျှောက်လှမ်းနေတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်နန္ဒာလှိုင်က အနုပညာအလုပ်တွေကို မလုပ်ဆောင်တော့ပေမယ့် ပရိသတ်တွေရဲ့အချစ်ကိုတော့ရရှိနေဆဲဖြစ်လို့ ယနေ့အချိန်ထိရေပန်းစားနေတဲ့ မင်းသမီးချောတစ်လက်ဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်တို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ ဘယ်အရာမဆိုတက်တက်ကြွကြွရှိကြတာကြောင့် အရမ်းအားကျဖို့ကောင်းပါတယ်နော်။နန္ဒာလှိုင်ကတော့ သမီးသုံးယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် လှပပျိုမျစ်နေပြီး ဟိုးအရင်တုန်းကလိုပဲ ခေါင်းအစခြေအဆုံး ကျက်သရေရှိစွာလှပနေဆဲဖြစ်လို့ ပရိသတ်တွေက သူမရဲ့အလှအပတွေကိုချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်တို့မိသားစုကတော့ မကြာခဏဆိုသလို သိန်းထောင်ပေါင်းများစွာကို မကြာခဏလှူဒါန်းနေတာကြောင့် အလှူရေစက်လက်နဲ့မကွာကြပါဘူးနော်။အခုဆိုရင်တော့ နိုင်ငံတော်ကနေချီးမြှင့်လိုက်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို နန္ဒာလှိုင်ကရရှိခဲ့တာဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့"သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး၂၀၂၀ နှစ်သစ်မှ စ၍ မိသားစုနှင့်အတူ ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေ။"ဆိုပြီး သူမရဲ့ပီတိလေးကိုမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။