ဖြူဖွေးဝင်းဥတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးကတော့ ဝတ်မှုန်ရွှေရည်ပါ။ သူမဟာ ပရိသတ်တွေကို အမြဲတလေးတစားနဲ့ အမြဲဆက်ဆံတတ်တာကြောင့်လည်း အားလုံးက ချစ်ခင်နေရတာပါ။ ရွှေကစ်လေးရဲ့ ဖက်ရှင်ဝတ်စားပုံလေးတွေဟာလည်း မိန်းကလေးအချင်းချင်းတွေတောင် ကြွေကျနေရတာပါ။ 

Photo Credit- Wutt Hmone Shwe Yi’s IG
Photo Credit- Wutt Hmone Shwe Yi’s IG

သဘာဝကျလှတဲ့သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေရရှိပိုင်ဆိုင်ထားနိုင်တာပါ။ ဒါ့အပြင် အားလပ်ရက်များတွင်လည်း တရားဘာဝနာကိုအားထုတ်တတ်သော မင်းသမီးချောလေးပါ။ သူမရဲ့ပုံရိပ်တိုင်းလိုလိုဟာလည်း အရမ်းကိုချစ်စရာကောင်းနေပြီး ပရိသတ်တွေချစ်မဝဖြစ်နေတာပါ။

Photo Credit- Wutt Hmone Shwe Yi’s IG
Photo Credit- Wutt Hmone Shwe Yi’s IG

လတ်တလောမှာလည်း ရွှေကစ်ဟာ ဆွစ်ဇလန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ခရီးသွားပုံရိပ်လေးတွေဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ရွှေကစ်ရဲ့ခရီးသွားပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi’s Instagram 

Photo Credit- Wutt Hmone Shwe Yi’s IG
Photo Credit- Wutt Hmone Shwe Yi’s IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။