သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်ဆောင် ဘောလုံးသမားအောင်သူနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သားလေးတစ်ယောက် ထွန်းကားခဲ့တာဖြစ်ပါတယ်။ သားလေးမွေးဖွားပြီးနောက်ပိုင်းမှာတော့ ပိုးအိအိခန့်က အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေက ပိုးအိအိခန့်ကိုသာမက ဖေဖေအောင်သူနဲ့ သားသားလေးတို့ကိုပါ ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

အခုဆိုရင် အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့သားလေး ကိုကိုးက အသက်ငါးလကျော်အရွယ်တောင်ရှိနေပြီ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကိုကိုးလေးကိုတော့ ပရိသတ်တွေကအချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။ အခုလည်း ကိုကိုးလေးတစ်ယောက် ဖေဖေ၊မေမေတို့နဲ့အတူ ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ခရီးထွက်ရတာကို သဘောကျပြီး အားရပါးရရယ်မောပျော်ရွှင်နေတဲ့ ကိုကိုးလေးရဲ့ပုံလေးတွေကို မေမေပိုးအိအိခန့်က ''ခရီးစသွားတဲ့နေ့ထဲက ရာသီအကူးအပြောင်းနဲ့ အမေကတော့ ဖျားပီးဆေး၃လုံး ထိုးရတယ် သူလေးကတော့ သိပ်မပျော်ရှာဘူးလေ ရယ်တာမျက်လုံးတောင်မပေါ်တော့ဘူး '' ဆိုပြီး ပုံလေးတွေကိုမျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုးအိအိခန့်ရဲ့သားလေး ကိုကိုးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Poe Ei Ei Khant's FB

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။