အဆိုတော်၊ သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ချောမောလှပတဲ့ရုပ်ရည်လေးအပြင် သာယာချိုမြတဲ့အသံလေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အသားအရေလေးကလည်း ဖြူဖွေးဝင်းဥနေတဲ့ နန်းဆုရတီစိုးက အလှအပရေးရာမှာတော့ အပြစ်ဆိုဖွယ်မရှိအောင် ပြီးပြည့်စုံသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နန်းဆုက ဘိုမရုပ်မလေးလို့ထင်မှတ်ရလောက်အောင်ကို လှနိုင်လွန်းတာလည်း ဖြစ်ပါတယ်။

Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB

လတ်တလောမှာတော့ နန်းဆုအနေနဲ့ ပွဲအခမ်းအနားလေးတွေတက်ရောက်နေသလို ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုလှလာတဲ့ နန်းဆုက အခုလည်း ကြွေရုပ်လေးပမာ ပျိုမျစ်နုနယ်နေတဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ နန်းဆုက စိန်နန်းတော်ရတနာဆိုင်အတွက် ကြော်ငြာအသစ်လေးတစ်ခုကို ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB

နန်းဆုရတီစိုးက ဝိုင်ခွက်လေးကိုကိုင်ပြီး ဆွဲဆောင်မှုရှိစွာပို့စ်ပေးရင်း ဓာတ်ဖမ်းထားတာပဲ ဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောင်းလောက်အောင် လှနေတဲ့ပုံလေးတွေကိုတော့ နန်းဆုက ''Chit chat Time with lovely Rose Thank you so much for New Year Present #chitchattime #afterShooting #SeinNanDaw'' ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ အမိုက်စားအလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Nansu Yati Soe's FB

Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB
Photo Credit- Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။