ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေမချစ်ပဲ မနေနိုင်အောင်ကိုဆွဲဆောင်ထားသူကတော့ မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တိုင်အောင် အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ သားလေးမွေးပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို သိပ်မလုပ်တော့သော်လည်း ပရိသတ်တွေကတော့ အားပေးချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

Photo Credit- Moe Yu San’s Facebook

မိုးယုဟာ သရုပ်ဆောင်ပီပြင်ရုံသာမကပဲ နှင်းဆီအဖွဲ့မှာလည်း ပင်တိုင်အငြိမ့်မင်းသမီးလေးပဲ ဖြစ်ပါတယ်။ သူမရဲ့သားလေး Austin ဟာလည်း မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကို မတောင်းဘဲပြည့်သူတစ်ယောက်ပါ။ သားလေးရဲ့လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကအမြဲစောင့်မျှော်အားပေးနေကြတာပါ။ မေမေမိုးယုစံရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သားလေးရဲ့ပုံရိပ်လေးတွေကို မကြာခဏ ဝေမျှပေးနေတာပါ။

Photo Credit- Moe Yu San’s Facebook
Photo Credit- Moe Yu San’s Facebook

အခုမှာလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတွေဝေမျှထားတာပါ။ ဒါကတော့ " သာယာတဲ့နေ့လေးမှာ ချစ်ရသူလေးနဲ့ရှိတာ ကံကောင်းမှုတစ်ခုပါပဲ" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် မိုးယုစံရဲ့ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Moe Yu San’s Facebook

Photo Credit- Moe Yu San’s Facebook
Photo Credit- Moe Yu San’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။