ရွှေအိမ်စည်ကတော့ အလှမယ်တစ်ဦးအဖြစ် နိုင်ငံတကာပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ ပြေပြစ်လှပတဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်က အခုဆိုရင်တော့ မော်ဒယ်၊သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အခိုင်အမာ အားပေးဝန်းရံမှုကိုရရှိထားတဲ့ ရွှေအိမ်စည်က ညို့အားပြင်းတဲ့အလှအပတွေနဲ့ ဖမ်းစားနိုင်စွမ်းရှိတာလည်း ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

စူးရှတောက်ပတဲ့အကြည့်တွေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ အိမ်စည်ရဲ့ပုံစံတွေက ပရိသတ်တွေကိုကြွေစေနိုင်တဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီးလှသွေးကြွယ်လာတဲ့ အိမ်စည်က အခုလည်း ပွဲအခမ်းအနားလေးတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ဖက်ရှင်လေးနဲ့ ပေါ်လွင်လှပနေတဲ့အိမ်စည်ကတော့ အမိုက်စားပုံရိပ်လေးတွေကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

အိမ်စည်က ပုရိသတွေရဲ့ရင်ခုန်သံကို မြန်စေလောက်အောင် ဖမ်းစားထားတဲ့ပုံရိပ်လေးတွေကို '' “Focus on the good things” Swiss time square lucky draw event. " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အိမ်စည်ရဲ့အလှပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြွေမယ်ဆိုရင်လည်း ကြွေလောက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့ ပွဲတက်အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Shwe Eain Si's FB

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။