ပရိသတ်ကြီးရေ အဆိုတော်အာဇာနည်တို့မိသားစုလေးကလည်း အရမ်းသာယာနွေးထွေးလို့ ပရိသတ်တွေကချစ်ပြီးအားကျနေရတဲ့ အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်နော်။အာဇာနည်ရဲ့ အနုပညာအောင်မြင်မှုတွေဟာဆိုရင်လည်း ယနေ့ခေတ်ထိတိုင် ပရိသတ်တွေရဲ့နားထဲစွဲနေအောင် ဖမ်းစားထားနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။
အာဇာနည်ရဲ့ချစ်ဇနီးလေးဝမ်းကတော့ ယောက်ျားရဲ့အနုပညာအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်ကူညီပေးပြီး ပံ့ပိုးပေးနေတာပါနော်။သားလေးနှစ်ယောက်ကလည်း ချစ်မွှေးလေးတွေပါကြပြီး ထူးချွန်ထက်မြက်ကာလိမ္မာရေးခြားရှိကြလို့ လူချစ်လူခင်ပေါများတဲ့ ကလေးလေးတွေပဲဖြစ်ပါတယ်။
အာဇာနည်ကလည်း အားတဲ့အချိန်တိုင်းမှာ မိသားစုအတွက် အချိန်လုံလုံလောက်လောက်ပေးပြီး ဂရုစိုက်ကြင်နာပေးပါတယ်။အခုဆိုရင်လည်း အာဇာနည်တို့မိသားစုက ချောင်းသာကိုအပန်းဖြေခရီးထွက်ကြကာ မိသားစုလိုက် ရေကစားပြီးပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလာတာဖြစ်ပါတယ်နော်။
Photo Credit:Zarni Myonyunt's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။