ပရိသတ်အချစ်တော် မင်းသားတစ်ဦးဖြစ်တဲ့ ပြေတီဦးကတော့ အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေကြယ်ပွင့်တစ်ပွင့်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အင်မတန်ထူးချွန်တဲ့ ပြေတီဦးက အကယ်ဒမီသုံးဆုတိတိ ဆွတ်ခူးရရှိထားတဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ပါ။ ပြေတီဦးရဲ့ ထိမိပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက သည်းသည်းလှုပ် အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit- Amazing Grcae
Photo Credit- Amazing Grcae
Photo Credit- Amazing Grcae

ပြေတီဦးက အခုချိန်အထိ ဇာတ်ကားတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြေတီဦးသရုပ်ဆောင်ထားတဲ့ ''ကမ္မဖလ'' ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပြေတီဦးက ''ကမ္မဖလ'' ရုပ်ရှင်ဇာတ်ကားကြီးရဲ့လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။

Photo Credit- Amazing Grcae
Photo Credit- Amazing Grcae
Photo Credit- Amazing Grcae
Photo Credit- Amazing Grcae

လူငယ်လေးတစ်ယောက်လို ချောမောနုပျိုနေတဲ့ ပြေတီဦးက မျက်မှန်တစ်လက်နဲ့ အထာကျနေတာလည်း ဖြစ်ပါတယ်။ အခုလည်း ပြေတီဦးက '' ဒီနေ့ ကမ္မဖလ ရုပ်ရှင်ဇာတ်ကားကြီး အတွက် ပရိသတ်နဲ့တွေ့ဆုံပြီး လက်မှတ်ထိုးပွဲလေးတေလုပ်ဖြစ်ခဲ့ပါတယ်..ပရိသတ်တေ အများကြီးလာရောက်ကြည့်ရှုအားပေးကြလို့ ကျေးဇူးတေအများကြီးတင်ရင်း ရင်ထဲမှာတော့ နှလုံးပီတိ ဂွမ်းဆီထိပါပဲ''ဆိုပြီး ပုံလေးတွေမျှဝေပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပြေတီဦးရဲ့ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Pyay Ti Oo's Facebook

Photo Credit- Amazing Grcae

Photo Credit- Amazing Grcae
Photo Credit- Amazing Grcae
Photo Credit- Amazing Grcae
Photo Credit- Amazing Grcae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။