စူးရှတောက်ပတဲ့မျက်လုံးလေးနဲ့ပုရိသတွေကို ညှို့ယူဖမ်းစားထားနိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။ သူမမျက်နှာလေးဟာလည်း နိုင်ငံခြားသူလေးနဲ့တူတာကြောင့်လည်း ပရိသတ်တွေကပိုပြီး အချစ်ပိုနေရတာပါ။ ရှာရှာဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit- Sue Sha Naing’s Facebook
Photo Credit- Sue Sha Naing’s Facebook
Photo Credit- Sue Sha Naing’s Facebook

သူမဟာ မကြာသေးခင်ကလည်း ချစ်သူရဲ့ပုံရိပ်လေးကိုထုတ်ဖော်ပြသထားသူပါ။ ရှာရှာရဲ့ချစ်သူဟာ လူမျိုးခြားဖြစ်တာကြောင့် ပရိသတ်တွေရဲ့​ဝေဖန်မှုတွေရှိနေတာပါ။ ရှာရှာကတော့ ဝေဖန်မှုတွေကိုကြံ့ကြံ့ခိုင်ကာ ချစ်ရသူလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာပါ။

Photo Credit- Sue Sha Naing’s Facebook
Photo Credit- Sue Sha Naing’s Facebook
Photo Credit- Sue Sha Naing’s Facebook

အခုမှာလည်း ရှာရှာရဲ့Instagram Stories မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ သူမရဲ့ချစ်သူကို ဓာတ်ဖမ်းပေးပြီး ချစ်သူကိုစနောက်ထားတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Sue Sha Naing’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။