မနောကတော့ထိုင်းနိုင်ငံ မဲဆောက်မှာ သီဆိုဖျော်ဖြခဲ့ရင်း ချီးကျူးစရာတွေ့ခဲ့ အကြောင်းကို ​ပြောပြလာခဲ့ပါတယ်။မနောကတော့ ထိုင်းနိုင်ငံ မဲဆောက် Mae sot မှာ ဆိုခဲ့တယ် ချီးကြူးစရာတစ်ခုတွေ့ခဲ့တယ် အမျိုး ဘာသာသာသနာ ကိုစောင့်လျှောက်တဲ့ ထိုင်းနိုင်ငံမှာအနေကြာပြီးမြန်မာလူမျိုးတွေ အဲဒီမှာတော်တော်များများကိုရှိနေတာဗျာ့ ရှိတဲ့ထဲမှာ ထူးခြားတာက ဦးကျော်သောင်းတို့ဇနီးမောင်နှံ ဟာ မြန်မာလူမျိုးရဲ့ ဓလေ့ ထုံးတန်း အစဉ်အလာကို အမြဲထိမ်းသိမ်းပေးနေတယ်။

photo credit : Manaaw 's facebook
photo credit : Manaaw 's facebook

သူ၏ သားသမီးမြေးလေးတွေဟာ ထိုင်းမှာပဲမွေးပေမည့် အားလုံးမြန်စကားပဲပြောခိုင်းတယ် ထိုင်းစာလည်းတက်တယ်ပေါ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာလှူတာတွေတော်တော်များတယ် အခုပွဲမှာလည်း မြန်မာ့ဓလေ့ဝတ်စားတွေနဲ့ယဉ်ကျေးမှုကို ချပြတယ်မြန့်မာ့ဆိုင်းဝိုင်းနဲ့ အဆို အတီးအက အစုံပါတယ် မြန်မာမုန့်အစုံ ဆိုင်တန်းများဖွင့်ရောင်းကြတယ် ထိုင်းနိုင်ငံလူကြီးများကြွရောက်အားပေးဖွင့်ပွဲလုပ်ကြတယ် ထိုလူကြီးများကိုမြန်မာမုန့်နဲ့ပဲ ဧည့်ခံ့တယ်။

photo credit : Manaaw 's facebook
photo credit : Manaaw 's facebook

ပြီးတော့ ဦးကျော်သောင်းဟာ မိခင်ကြီး ၉၃ နှစ်ထိ လိုတာမရှိအောင်ဆောင်ရွက်ပြီးကျေးဇူးဆပ်သူတစ်ဦးလည်းဖြစ်တယ် ဒါကြောင့် ကျနော်တို့ အတုယူစရာတွေတွေ့ခဲ့ရတယ် မိမိဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက် မိမိရဲ့ နိုင်ငံ နှင့် လူမျိုး ဘာသာ ကိုတော့အလေးထားရမယ် တိုင်းတစ်ပါးရဲ့ အရိပ်မိပြီး မိခင်ဘာသာရပ်မေ့သွားသူမဖြစ်ရဘူး ဒါဟာ အင်မတန်မှ ဂုဏ်ယူစရာဖြစ်တာမို့တင်ပြအပ်ပါတယ်အားလုံးသာယာချမ်းမြေ့ပါစေဆိုပြီးပြောထားခဲ့ပါတယ်။

source: Manaaw 's facebook 

photo credit : Manaaw 's facebook
photo credit : Manaaw 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။