ပရိသတ်‌ကြီးရေ ထပ်ဆင့်အကယ်ဒမီသက်မွန်မြင့်ကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ကိုင်နေပြီး လက်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။သက်မွန်ပါဝင်သရုပ်ဆောင်ထားတဲ့"ချည်"ဇာတ်ကားကြီးဟာဆိုရင် ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီးအောင်မြင်နေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page

သက်မွန်ကတော့ အနုပညာအလုပ်တွေလည်းကြိုးစားလုပ်ဆောင်နေသလို မိသားစုအရေးကိုလည်း မလစ်ဟင်းအောင်ဆောင်ရွက်နေတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။သက်မွန်ရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးအလုပ်တွေရှုပ်နေချိန်ဆို ကလေးတွေကိုကူထိန်းပေးပြီး တစ်ဖက်တစ်လမ်းကနေကူညီဆောင်ရွက်ပေးသူပါနော်။

Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page

သက်မွန်တို့မိသားစုလေးက အရမ်းသာယာနွေးထွေးပြီး အေးချမ်းကြလို့ ပရိသတ်အများစုကလည်း သူတို့မိသားစုလေးကိုချစ်ကြပါတယ်နော်။အခုဆိုရင်လည်း သက်မွန်က လွတ်လပ်ရေးနေ့လေးမှာ မိသားစုနဲ့အတူ လည်လည်ထွက်နေပြီး မိသားစုလေးယောက်အရမ်းချစ်ဖို့ကောင်းနေကြတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Thet Mon Myint's Page
Photo Credit:Thet Mon Myint's Page

Photo Credit:Thet Mon Myint's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။