သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကိုတော့ ယောက်ျားလေးပရိသတ်တွေ တော်တော်များများက သည်းသည်းလှုပ်အားပေးနေရတာ ဖြစ်ပါတယ်။ အမိုက်စားပုံရိပ်လေးတွေနဲ့ ပုရိသတွေကိုရင်ဖိုအောင် ပြုစားလေ့ရှိတဲ့ သင်ဇာက အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့မင်းသမီးတစ်လက်ပါ။ သင်ဇာက ပွဲတက်တဲ့အခါမှာလည်း သူမတူတဲ့ဖက်ရှင်အလန်းစားတွေကို ဆန်းသစ်လှပစွာ ဝတ်စားဆင်ယင်လေ့ရှိတာပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Wint Kyaw's FB
Photo Credit- Amazing Grace

သင်ဇာဝင့်ကျော်က တစ်နေ့တစ်မျိုးမရိုးနိုင်လောက်အောင် သူမရဲ့အလှတရားတွေနဲ့ ညို့ယူနေတာလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပပြီး ကိုယ်လုံးကိုယ်ပေါက်လှတဲ့ သင်ဇာက သူမရဲ့အားလပ်ချိန်လေးတွေမှာ GYM ပုံမှန်ကစားလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက အားကစားမလုပ်ခင်အချိန်လေးမှာ Mirror Selfie လေးရိုက်ပြီး ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။

Photo Credit- Thinzar Wint Kyaw's FB
Photo Credit- Thinzar Wint Kyaw's FB
Photo Credit- Thinzar Wint Kyaw's IG

သင်ဇာက ဂျင်းဘောင်းဘီရှည်နဲ့ ကြိုးတစ်လုံးအင်္ကျီလေးကို တွဲဖက်ဝတ်ဆင်ထားပြီး ရိုးရိုးရှင်းရှင်းဖက်ရှင်လေးနဲ့တောင် ဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ်။ ကျစ်လျစ်ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းထားတဲ့ သင်ဇာကတော့ တစ်နေ့ထက်တစ်နေ့ ပိုလှနေတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Thinzar Wint Kyaw's FB & IG 

Photo Credit- Thinzar Wint Kyaw's IG
Photo Credit- Thinzar Wint Kyaw's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။