ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေသာမက အနုပညာရှင်များကပါ ချစ်နေရသူကတော့ သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးပါ။ သူမရဲ့သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေပါ ရရှိထားသူတစ်ယောက်ပါ။ ဒါ့အပြင် ဖွေးစိန်လေးဟာ မိဘတွေကိုယနေ့ချိန်ထိ လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးပါ။

Photo Credit- Phway Phway’s Facebook
Photo Credit- Phway Phway’s Facebook

ဖွေးတို့မိသားစုလေးဟာ မကြာခဏဆိုသလို အလှူအတန်းတွေလည်း ပြုလုပ်လေ့ရှိတာပါ။ မကြာသေးခင်ကလည်း နှစ်သစ်ကူးတရားပွဲအတွက် Sandwich အခု(၅၀၀) ကို ကိုယ်တိုင်ပြုလုပ်ကြကာ ကုသိုလ်ယူခဲ့ကြတာပါ။ ဖွေးဟာ အားလပ်ချိန်များတွင်လည်း မိသားစုနဲ့အတူ သူမရဲ့အချိန်တွေကို ကုန်ဆုံးလေ့ရှိသူပါ။

Photo Credit- Phway Phway’s Facebook
Photo Credit- Phway Phway’s Facebook

အခုတစ်ခါမှာလည်း သူမရဲ့ဖခင်ဖြစ်သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပုံရိပ်လေးတွေ တင်ထားတာပါ။ ဒါကတော့ ဖွေးစိန်လေးကိုယ်တိုင် သူမရဲ့မိခင်ဖြစ်သူကို ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်ပေးနေတဲ့ပုံလေးတွေပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Kyaw Kyaw Win’s Facebook 

Photo Credit- Phway Phway’s Facebook
Photo Credit- Phway Phway’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။