ကချင်တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ မော်ဒယ်၊သရုပ်ဆောင် လုလုအောင်ကတော့ ပုရိသတွေရဲ့နှလုံးသားပဲ့ကိုင်ရှင်မလေးတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သူမကိုတော့ ခေးကြီးလုလို့အများက ချစ်စနိုးခေါ်ဝေါ်ကြပြီး အပြတ်အသတ် ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ်။ အမိုက်စားပုံရိပ်တွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ လုလုအောင်က နောက်ပိုင်းမှာ ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေ အမြောက်အများ ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit- Lu Lu Aung's Facebook
Photo Credit- Lu Lu Aung's Facebook
Photo Credit- Lu Lu Aung's Facebook

လုလုအောင်က သမီးလေးတစ်ယောက်မွေးဖွားထားတဲ့ Single Mother တစ်ဦးဖြစ်ပေမယ့် ကလေးအမေလို့ မထင်ရလောက်အောင်အရွယ်တင်လွန်းတာ ဖြစ်ပါတယ်။ အမြဲတမ်းနုပျိုလှပနေတဲ့ ခေးကြီးလုက အခုလည်းဆယ်ကျော်သက်လေးတစ်ယောက်လို အရမ်းလန်းနေပြန်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ခေးကြီးလုတစ်ယောက် ခရီးတွေထွက်ရင်း အရမ်းကိုပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Lu Lu Aung's Facebook
Photo Credit- Lu Lu Aung's Facebook

အခုလည်း လုလုအောင်က မျက်မှန်လေးတပ်ပြီး စတိုင်ထုတ်တဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ လုလုအောင်က '' ကျွန်းသားတွေ အချစ်ကြမ်းတယ်ကြားလို့ ရည်းစားအသစ်လာရှာတာ ၁၀နှစ်ကြာမှကျွန်းက ပြန်ထွက်လာမယ်'' ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကိုလည်း စနောက်ထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လုလုအောင်ရဲ့ အမိုက်စားအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Lu Lu Aung's Facebook 

Photo Credit- Lu Lu Aung's Facebook
Photo Credit- Lu Lu Aung's Facebook
Photo Credit- Lu Lu Aung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။