ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာ နာမည်ကြီးနေသူလေး ထူးအောင်ကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

Photo Credit :Bling Bling
Photo Credit :Bling Bling

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အလန်းစား သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိခဲ့ပါတယ်။ နောက်ထပ် ဇာတ်လမ်းတွဲတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် သရုပ်ဆောင်ထားမလည်းဆိုတာတော့ သူရဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားချင်စရာပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ထူးအောင်ကတော့ အမြဲလို ဖက်ရှင်အမိုက်စားတွေနဲ့ စမတ်ကျ ခန့်ညားနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit :Bling Bling
Photo Credit :Bling Bling

ထူးအောင်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ သူရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့ ခန့်ညားအထာကျလွန်းတဲ့ ဖက်ရှင်အလန်းစားနဲ့ ပုံရိပ်လေးတွေကလည်း ကောင်မလေးပရိသတ်တွေကို အချစ်ပိုစေခဲ့တာဖြစ်ပါတယ်။လတ်တလောမှာတော့ ကယန်းလူမျိုးတွေနဲ့ အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit :Bling Bling
Photo Credit :Bling Bling

Source:Htoo Aung Faceboook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။