အဆိုတော်၊သရုပ်ဆောင် Mikis Weber ကတော့ ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ ရုပ်ရည်ချောမောသလို အသံလည်းကောင်းတဲ့ Mikis က မြန်မာနိုင်ငံကမိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ Mikis က သူ့ရဲ့ချစ်သူလေးကို လူသိရှင်ကြားထုတ်ပြထားပြီး Official တွဲနေတာ ဖြစ်ပါတယ်။

Photo Credit- Mikis Weber's FB
Photo Credit- Mikis Weber's FB

Mikis က မြန်မာမလေးစုစုဝေနဲ့ ဖူးစာဆုံခဲ့ပြီး ချစ်သူအဖြစ်လက်တွဲလာခဲ့တဲ့ တစ်နှစ်ကျော်တောင်ရှိနေပြီ ဖြစ်ပါတယ်။ လူမျိုးမတူ၊ဘာသာမတူပေမယ့် နားလည်မှုရှိရှိနဲ့ လက်တွဲနေတဲ့ Mikis တို့စုံတွဲလေးကို ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း Mikis က မြန်မာနိုင်ငံကိုလာလည်တဲ့ သူ့ရဲ့ဖခင်ကို ချစ်သူလေးစုစုဝေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

Photo Credit- Mikis Weber's FB
Photo Credit-Su Su Wai's FB
Photo Credit-Su Su Wai's FB

စုစုဝေကလည်း Mikis ရဲ့ဖခင်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြိုဆိုပြီး ပျော်ရွှင်ရင်းနှီးစွာ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း စုစုဝေက '' သူတို့သားအဖနဲ့ '' ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Mikis တို့စုံတွဲရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Mikis Weber's FB & Su Su Wai's FB

Photo Credit-Su Su Wai's FB
Photo Credit-Su Su Wai's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။