ပိုင်ဖြိုးသုကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပရိသတ်တွေရှေ့ချပြလေ့ရှိတဲ့ သူမကတော့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်တဲ့ အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။

photo credit :(RBV) Paing Phyoe Thu 's facebook
photo credit :(RBV) Paing Phyoe Thu 's facebook

ပိုင်ဖြိုးသုကတော့ ဒါရိုက်တာဏကြီးနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ အနပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေ ရရှိနေကြသလို ပရိသတ်တွေ လေးစားအားကျရပြီး ချစ်ခင်ရတဲ့ အနပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။

photo credit :(RBV) Paing Phyoe Thu 's facebook
photo credit :(RBV) Paing Phyoe Thu 's facebook
photo credit :(RBV) Paing Phyoe Thu 's facebook

သူမကတော့ ရန်ကုန်တက္ကသိုလ်ရာပြည့်ရန်ပုံငွေကံ့ကော်တစ်ရာ အနုပညာပွဲတော်မှာ အနုပညာ ညီအစ်ကိုမောင်နှမတွေအများကြီးနဲ့ သမုဒယလေးအဖြစ် ပါဝင်ဖျော်ဖြေခွင့်ရလို့ ပျော်မဆုံးဖြစ်နေပါတယ်။သူမကတော့ "ငယ်ငယ်တုန်းက ရန်ကုန်တက္ကသိုလ်ဝန်းကြီးမှာ ဂျပလွတ်တွတ်ပြေးလွှားဆော့ကစားခဲ့တဲ့ သုသုတစ်ယောက် ရန်ကုန်တက္ကသိုလ်ရာပြည့်ရန်ပုံငွေကံ့ကော်တစ်ရာ အနုပညာပွဲတော်မှာ အနုပညာ ညီအစ်ကိုမောင်နှမတွေအများကြီးနဲ့ သမုဒယလေးအဖြစ် ပါဝင်ဖျော်ဖြေခွင့်ရလို့ ပျော်မဆုံးဖြစ်ရတဲ့အပြင် ရန်ကုန်တက္ကသိုလ်မှာ တစ်ချိန်က ဌာနမှူးနဲ့ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သုသုရဲ့ အဖိုးနဲ့ အဖွားကလည်း လာပြီးအားပေးခဲ့တဲ့အတွက် ပျော်စရာကြီးနဲ့ အမှတ်တရ ညလေးတစ်ညပါ...."ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Paing Phyoe Thu 's facebook 

photo credit :(RBV) Paing Phyoe Thu 's facebook
photo credit :(RBV) Paing Phyoe Thu 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။