ပရိသတ်ကြီးရေ ၁၀စုနှစ်ကျော်ကြာတဲ့အထိလက်တွဲမဖြုတ်လာဘဲ တစ်ယောက်လက်ကိုတစ်ယောက် ခိုင်ခိုင်မာမာဆုပ်ကိုင်နေကြဆဲဖြစ်တဲ့ လွှမ်းပိုင်နဲ့ B Soxတို့ ချစ်သူနှစ်ယောက်ဟာဆိုရင် ဝါသနာလည်းတူကြတဲ့အဆိုတော်တွေဖြစ်လို့ အောင်မြင်နေကြတဲ့စုံတွဲပဲဖြစ်ပါတယ်။B Soxတို့ နှစ်ယောက်လုံးက လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြဆဲပါ။

Photo Credit:RBV
Photo Credit:RBV

လွှမ်းပိုင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး သူရဲ့တမူထူးခြားတဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ပရိသတ်တွေကိုဆွဲဆောင်နိုင်ပါတယ်။B Soxကလည်း ချစ်သူရဲ့အနုပညာအလုပ်တွေကိုအပြည့်အဝနားလည်ပေးပြီး အေးအတူပူအမျှချစ်ပေးနေတဲ့ ချစ်သူကောင်းလေးပါနော်။

Photo Credit:RBV
Photo Credit:RBV

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းချစ်ကြပြီး အမြဲစောင့်ကြည့်အားပေးနေကြတာပါ။လွှမ်းပိုင်တို့ချစ်သူနှစ်ယောက်ကလည်း ဘယ်သွားသွား မခွဲအတူ တတွဲတွဲဖြစ်လို့ အခုဆိုရင်လည်း Balance Fitnessရဲ့ ပွဲလေးကို စုံတွဲလိုက်တက်ရောက်လာပြီး အရမ်းအတွဲညီပြီးချစ်ဖို့ကောင်းနေကြတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:RBV
Photo Credit:RBV

Source:Bobby Soxer's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။