မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ရင်ထဲကို ဇာတ်လမ်းတွဲတွေကနေစတင်ပြီးနေရာယူလာကာ ပရိသတ်တွေကလည်း သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကိုကြိုက်နှစ်သက်ကြလို့ အားပေးလာကြပါတယ်။လက်တ‌လောမှာဆိုရင်တော့ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာပါဝင်သရုပ်ဆောင်လာပြီး အနုပညာခြေလှမ်းတွေကိုဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းနေပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

မင်းသမီးချောလေးမေမြင့်မိုရ်က လူလေးကလည်းလှသလို စိတ်ထားလေးကလည်း ဖြူစင်ပြီး သဘောမနောကောင်းလို့ လူချစ်လူခင်ကလည်း ပေါများပါတယ်နော်။ပရိသတ်တွေကိုလည်း ဖော်ရွေစွာဆက်ဆံတတ်သူဖြစ်လို့ ပရိသတ်တွေကလည်း သူမကို အရမ်းချစ်ကြပါတယ်။မေမြင့်မိုရ်ရဲ့အလှကလည်း ဘယ်သူနဲ့မှမတူဘဲ ကျော့ရှင်းလှပပြီး မြန်မာဆန်တဲ့အလှတရားစစ်စစ်ကို ပိုင်ဆိုင်ထားတာပါနော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

မေမြင့်မိုရ်က တစ်နေ့တစ်ခြားပိုပိုလှလာပြီး သူမရဲ့နုပျိုလှပမှုတွေကတော့ ဆယ်ကျော်သက်အရွယ်မှာတင်ရပ်တန့်ထားသလိုပါပဲနော်။ခေါင်းအစခြေအဆုံးက ပြစ်မျိုးမှဲ့မထင်အောင်လှပပြီး မိန်းကလေးချင်းတောင် သူမရဲ့အလှအပတွေကိုငေးမောရပါတယ်။အခုဆိုရင်လည်း သွယ်လျနေတဲ့ပေါင်တံအလှလေးက အထင်းသားမြင်ရပြီး ဆွဲဆောင်မှုရှိစွာလှပနေတဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

Photo Credit:Alinn Yaung

Source:May Myin Mo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။